မျက်လုံး ကျန်းမာရေး

Sort

သင့်မျက်စိ 'မြင်လွှာ' (Retina) အသေးစိတ်စစ်ဆေးဖို့ လိုအပ်နေပြီလား?

မျက်လုံးအတွင်းပိုင်းရှိ မြင်လွှာ (Retina) သည် ဖြတ်သန်းဝင်ရောက်လာသော အလင်းကို တုံ့ပြန်ပေးနိုင်သော အဓိကအာရုံခံအလွှာဖြစ်ပြီး ကြည်လင်ပြတ်သားသော အမြင်အာရုံအတွက် မရှိမဖြစ် လိုအပ်ပါတယ်။   ဆီးချိုရောဂါကြောင့် မြင်လွှာထိခိုက်ခြင်း၊ အသက်အရွယ်အရ မြင်လွှာယိုယွင်းခြင်း၊ သို့မဟုတ် မြင်လွှာကွာခြင်း ကဲ့သို့သော ပြင်းထန်သည့်ရောဂါအများစုသည် ကနဦးအဆင့်တွင် ရောဂါလက္ခဏာ မပြတတ်ပါ။   ဘန်ကောက်မျက်စိအထူးကုဆေးရုံကြီး၏ မြင်လွှာအသေးစိတ်စစ်ဆေးမှု Package သည် အဆိုပါရောဂါများကို စောစီးစွာသိရှိနိုင်စေရန်၊ အချိန်မီ ကုသမှုခံယူနိုင်ရန်နှင့် သင်၏အမြင်အာရုံကို ကာကွယ်ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်ပါတယ်။ မြင်လွှာ အသေးစိတ်စစ်ဆေးမှု (Retina Check-Up) ပုံမှန်ပြုလုပ်သင့်သူများ အောက်ပါအုပ်စုများတွင် ပါဝင်သူများသည် မြင်လွှာရောဂါဖြစ်နိုင်ခြေ ပုံမှန်ထက် ပိုမိုများပြားပါတယ်။   🔴 ဆီးချိုရောဂါ ရှိသူများ (Diabetic Patients)ဆီးချိုရောဂါသည် မြင်လွှာရှိ သွေးကြောငယ်များကို ပျက်စီးစေပြီး 'Diabetic Retinopathy' ကို ဖြစ်စေနိုင်ပါတယ်။ အစပိုင်းတွင် လက္ခဏာမပြတတ်သောကြောင့် အထူးသတိပြုရန် လိုအပ်ပါသည်။ သွေးတွင်းသကြားဓာတ်ကို စနစ်တကျမထိန်းချုပ်သူများအနေဖြင့် မကြာခဏစစ်ဆေးရန် အရေးကြီးပါသည်။   🔴 အဝေးမှုန်ပါဝါ အလွန်များသူများ (High Myopia)မျက်မှန်ပါဝါ အလွန်များသူများသည် မြင်လွှာပါးလွှာလေ့ရှိပါသည်။ ထို့ကြောင့် မြင်လွှာပေါက်ပြဲခြင်း၊ မြင်လွှာကွာခြင်း (Retinal Detachment) နှင့် Macular Degeneration ကဲ့သို့သော ပြင်းထန်သည့်ရောဂါများ ဖြစ်နိုင်ခြေ ပုံမှန်ထက်ပိုများပါသည်။   🔴 အသက် ၅၀ အထက်နှင့် မြင်လွှာရောဂါ မျိုးရိုးရှိသူများ (Age over 50 & Family History)အသက်အရွယ်ကြီးလာသည်နှင့်အမျှ Age-related Macular Degeneration (AMD)၊ Retinal Vein Occlusion ကဲ့သို့သော မြင်လွှာဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။ ထို့အတူ မိသားစုမျိုးရိုးတွင် မြင်လွှာရောဂါ ရှိခဲ့ဖူးပါက မိမိတွင်လည်း ဖြစ်နိုင်ခြေ ပိုများပါသည်။     🚨 ချက်ချင်းပြသရန် လိုအပ်သော အရေးပေါ်လက္ခဏာများ   အကယ်၍ သင်သည် အောက်ပါလက္ခဏာများထဲမှ တစ်ခုခုကို ရုတ်တရက် ကြုံတွေ့ရပါက၊ ၎င်းသည် သင်၏မြင်လွှာ အရေးပေါ်အခြေအနေ (Retinal Emergency) ဖြစ်နိုင်သောကြောင့် Retina Specialist (မြင်လွှာအထူးကု) နှင့် ချက်ချင်းတိုင်ပင်ပြသရပါမယ်။ 👁️‍🗨️ အလင်းတန်းများ လက်ခနဲ မြင်ရခြင်း (Flashes) - Flash မီးရောင်ကဲ့သို့ မျက်စိထဲတွင် ရုတ်တရက် လင်းခနဲ ဖြစ်ခြင်း 👁️‍🗨️ Floaters များ ရုတ်တရက် ပိုများလာခြင်း - မျက်စိရှေ့တွင် ပင့်ကူအိမ်များကဲ့သို့ ဂျယ်လီပုံ အမျှင်များ၊ အစက်အပျောက်များ ရုတ်တရက် အများအပြား မြင်လာခြင်း 👁️‍🗨️ လိုက်ကာ ကွယ်နေသလို မြင်ရခြင်း (Curtain-like Shadow) - မျက်စိအမြင်အာရုံ၏ တစ်စိတ်တစ်ပိုင်းကို လိုက်ကာချထားသကဲ့သို့ သို့မဟုတ် အရိပ်မည်းကြီးတစ်ခု ကွယ်နေသလို မြင်ရခြင်း 👁️‍🗨️ Blind Spots - မြင်ကွင်းထဲတွင် အမည်းစက်များ သို့မဟုတ် အကွက်လိုက် မမြင်ရသောနေရာများ ဖြစ်ပေါ်လာခြင်း 👁️‍🗨️ ပုံရိပ်များ ကွေးကောက်နေခြင်း (Distortion) - မျဉ်းဖြောင့်များ (တံခါးဘောင်၊ ပြတင်းပေါက်လိုင်းများ) ကို ကြည့်လျှင် ကွေးကောက်နေခြင်း 👁️‍🗨️ အမြင်အာရုံရှေ့တည့်တည့်တွင် ဝေဝါးခြင်း - အထူးသဖြင့် အမြင်အာရုံ၏ အလယ်ဗဟိုတည့်တည့်တွင် ပုံရိပ်များ ယိုယွင်းဝေဝါးနေခြင်း 👁️‍🗨️ ညဘက်တွင် အမြင်အာရုံကျဆင်းခြင်း (Night Vision Difficulty) မြင်လွှာရောဂါများသည် အစောပိုင်းတွင် လက္ခဏာမပြဘဲ ဖြစ်ပွားနိုင်သော်လည်း ရုတ်တရက် အမြင်အာရုံဆုံးရှုံးသည်အထိ ပြင်းထန်နိုင်ပါသည်။ ထို့ကြောင့် စောစီးစွာသိရှိပြီး အချိန်မီကုသမှုခံယူခြင်းသည် သင်၏အဖိုးတန်သော အမြင်အာရုံကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ November Promotion   Regular Price (International) - 7,800 Baht Promotion Price - 3,900 Baht   ဤနှုန်းထားသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိသာ အကျုံးဝင်ပါတယ်။   Package တွင်ပါဝင်သော စစ်ဆေးမှုအဆင့်များ   အဓိကကျသော မျက်စိစစ်ဆေးမှုများအပြင် မြင်လွှာအထူးကုဆရာဝန်ကြီးကိုယ်တိုင် စမ်းသပ်ဆွေးနွေးမှု ပါဝင်ပါတယ်။   ✅ Visual Acuity -  သင်၏ အဓိက အမြင်အာရုံ၏ ပြတ်သားမှုနှင့် ကြည်လင်မှုကို တိုင်းတာခြင်း ဖြစ်ပါတယ်။   ✅ Computer Auto Refractometer - မျက်မှန်ပါဝါကို အလိုအလျောက်စနစ်ဖြင့် တိကျစွာ တိုင်းတာပေးသော စက်ဖြစ်ပါတယ်။   ✅ Automatic Tonometer - မျက်လုံးအတွင်းရှိ ဖိအားကို လျင်မြန်စွာ တိုင်းတာခြင်းဖြင့် ရေတိမ်ရောဂါ (ရှိ၊ မရှိ) ကိုပါ စစ်ဆေးပေးခြင်း   ✅ Dilating Eye Examination - အထူးမျက်စဉ်းဆေးရည်ဖြင့် မျက်ဆံကို ချဲ့ပြီးနောက် မျက်လုံး၏ အတွင်းပိုင်းဖွဲ့စည်းပုံများကို အသေးစိတ်စစ်ဆေးခြင်း   ✅ Manifest Refraction - သင့်အတွက် အကြည်လင်ဆုံးဖြစ်နိုင်မယ့် မျက်မှန်ပါဝါကို တိကျစွာ တိုင်းတာပေးခြင်း   ✅ Optical Coherence Tomography for Retina - အဆင့်မြင့်စက်ကိရိယာဖြင့် သင်၏ မြင်လွှာအလွှာများ၏ ပုံရိပ်တွေကို အသေးစိတ်စစ်ဆေးခြင်း   ✅ Fundus Photography - သင်၏ မြင်လွှာ၊ အမြင်အာရုံကြော နှင့် သွေးကြောများ၏ ပုံရိပ်ကို ရိုက်ယူစစ်ဆေးခြင်း   ✅ Slit Lamp Examination and Consultation) - မြင်လွှာအထူးကုဆရာဝန်ကြီးက အဏုကြည့်မှန်ဘီလူး (Slit Lamp) ဖြင့် သင်၏မျက်လုံး အစိတ်အပိုင်းအားလုံးကို စစ်ဆေးပြီး တွေ့ရှိချက်များကို ရှင်းလင်းဆွေးနွေးပေးမည် ဖြစ်ပါသည်။   ❗️ အရေးကြီးသော ကြိုတင်ပြင်ဆင်ရန်များ   ဤစစ်ဆေးမှုတွင် ဆရာဝန်မှ မြင်လွှာကို အသေးစိတ်စစ်ဆေးနိုင်ရန် မျက်စိသူငယ်အိမ်ချဲ့ပေးတဲ့ မျက်စဉ်းဆေးခတ်ရန် လိုအပ်ပါသည်။   မျက်စဥ်း Effect ကြောင့် အနီးကြည့်မရှင်းခြင်း နှင့် အလင်းရောင်မကြည့်နိုင်ခြင်း တို့သည် ၄ နာရီမှ ၆ နာရီခန့်အထိ ဖြစ်ပေါ်နိုင်ပါတယ်။   စစ်ဆေးမှုခံယူပြီးနောက် အပြန်မှာ ကိုယ်တိုင်ကားမမောင်းရပါ။ ထို့ကြောင့် အိမ်အပြန်ခရီးအတွက် အဖော်ခေါ်လာရန် (သို့မဟုတ်) Taxi သာစီးရန် အရေးကြီးပါတယ်။   ရက်ချိန်းရယူဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။   📱 Viber (မြန်မာ): +66965426179   ✉️ Messenger: m.me/100116029459253   📍 လိပ်စာ: 10/989 Soi Prasert Manukitch 33, Nuanchan , Bueng Kum, Bangkok 10230, Thailand   🗺️ Google Map မှာရှာရန်: https://bit.ly/Bangkok-Eye-Hospital-Map-2024  
Read More
Retina Center

Understanding Intraocular Pressure (IOP) - An Important Eye Health Metric

Understanding Intraocular Pressure (IOP) - An Important Eye Health Metric Intraocular pressure, often abbreviated as IOP, is a critical metric in eye health. It signifies the pressure of the fluid within the eye and is measured in millimeters of mercury (mmHg). Knowing the significance of IOP is essential for maintaining good eye health and preventing eye conditions like glaucoma.   Why Is Intraocular Pressure Important IOP is crucial because it reflects the equilibrium between the production of fluid inside the eye and its efficient drainage. To determine whether your IOP is within the normal range, you must undergo a tonometry examination. This test is commonly conducted in both public and private healthcare facilities.   Normal IOP Range Normal IOP typically falls between 12 to 20 mmHg. When the pressure within the eye exceeds 21 mmHg, it is considered abnormally high. Elevated IOP can be an early indicator of glaucoma, a serious eye condition that can lead to vision loss if not properly managed.   The Anatomy of Intraocular Pressure Inside the eye, there is a specific structure known as the Anterior Chamber. This chamber is situated between the cornea and the iris. It contains a clear fluid called aqueous humor. Aqueous humor flows into the anterior chamber and drains through a narrow-angle between the iris and the trabecular meshwork, which is the black part of the eye. From there, it enters small blood vessels outside the eye, providing oxygen and essential nutrients to the surrounding eye tissues.

ဆေးရုံတည်နေရာ

Retina Center - Bangkok Eye Hospital

10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230

ဆက်သွယ်ရန်

calling
ဆက်သွယ်ရန် :