၁၉၉၈ ခုနှစ်တွင် Laser Vision စင်တာအဖြစ် စတင်ခဲ့သော ကနဦးခရီးစဉ်မှသည် ယခုအခါ ဘန်ကောက်မျက်စိအထူးကုဆေးရုံကြီး အဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါသည်။
ဖြတ်သန်းလာခဲ့သော ရာစုနှစ်သုံးစုနီးပါးကာလအတွင်း ခေတ်နှင့်အညီ တိုးတက်လာတဲ့ကုသမှုနည်းပညာများနှင့်အတူ ကနေဦးရပ်တည်ချက်အတိုင်း အတွေ့အကြုံဝါရင့် မျက်စိအထူးကုဆရာဝန်ကြီးများ၏ နွေးထွေးသော ဂရုစိုက်မှုနှင့် ခေတ်မီတိကျသော နည်းပညာများကို ဟန်ချက်ညီညီပေါင်းစပ်၍ လူနာများ၏ မျက်စိနှင့်အမြင်အာရုံဆိုင်ရာကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာအပ်နှံနိုင်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။
ဘန်ကောက်သို့ လာရောက်ကုသမည့် မြန်မာလူနာများအတွက် ထိရောက်တိကျသော မျက်လုံးကျန်းမာရေးစစ်ဆေးခြင်းများမှအစပြု၍၊ မျက်ကြည်လွှာနှင့် မြင်လွှာရောဂါများ ကုသခြင်း၊ လေဆာဖြင့် အတွင်းတိမ်ကုသခြင်း စသည့် မျက်စိရောဂါများ ကုသခြင်းမှသည် အမေရိကန်၊ ဆွဇ်ဇာလန်နှင့် ဂျာမနီနိုင်ငံများမှအဆင့်မြင့်လေဆာနည်းပညာများဖြင့် မျက်မှန်ပါဝါဖျောက်ခြင်း အစရှိတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုမိုလွတ်လပ်ပေါ့ပါးစေမယ့် ကုသမှုအမျိုးမျိုးအထိ ခေတ်မီကုထုံးများဖြင့် နွေးထွေးစွာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။