No-Blade Cataract လို့ခေါ်တဲ့ လေဆာဖြင့်မျက်စိအတွင်းတိမ်ဖယ်ရှားကုသခြင်းကို ထိုင်းနိုင်ငံရဲ့ ဝါရင့်ကျွမ်းကျင်မျက်စိအထူးကုဆရာဝန်ကြီးများရဲ့ ကျွမ်းကျင်မှုဖြင့် ပေါင်းစပ်ကုသပေးလျက်ရှိပါတယ်။
မြင်လွှာကွာခြင်းနှင့် အခြားသော ပြင်းထန်ရောဂါအခြေအနေများအတွက် ထိုင်းနိုင်ငံရဲ့ ထိပ်တန်း ဝါရင့်မြင်လွှာအထူးကုဆရာဝန်ကြီးများကနေ ခေတ်မီကုသမှုနည်းလမ်းများ၊ နည်းပညာများဖြင့် ကုသပေးလျက်ရှိပါတယ်။
ကုသမှုသက်တမ်း ၂၈ နှစ်အထက်ရှိပြီး ထိုင်းနိုင်ငံမှာ မျက်စိလေဆာကုသမှုအတွေ့အကြုံသက်တမ်းနှစ် ၂၀ အထက်ရှိသော ဝါရင့်မျက်စိအထူးကုဆရာဝန်ကြီးများထံမှာ ကုသမှုခံယူနိုင်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဝါအရင့်ဆုံးမျက်ကြည်လွှာအထူးကုဆရာဝန်ကြီး ဦးဆောင်ဖွင့်လှစ်ထားတာဖြစ်လို့ မျက်ကြည်လွှာဆိုင်ရာ ကုသမှုများကိုလည်း ယုံကြည်စိတ်ချစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
မျက်စိရေတိမ်ကုသမှုအတွက် Microinvasive Glaucoma Surgery (MIGS) Xen Implantation နှင့် အခြားသောခေတ်မီကုထုံးများဖြင့် အမြင်အာရုံကို ကာကွယ်ထိန်းသိမ်းလိုက်ပါ။
Bangkok Eye Hospital တွင် မျက်စိနှင့် အာရုံကြောဆိုင်ရာ ရှုပ်ထွေးသော ပြဿနာများအတွက် နိုင်ငံတကာအတွေ့အကြုံရှိ ဝါရင့် Neuro-ophthalmologist အထူးကုဆရာဝန်ကြီးများက နောက်ဆုံးပေါ် စက်ကြီးများဖြင့် အတိကျဆုံး ရောဂါရှာဖွေ ကုသပေးလျက်ရှိပါတယ်။
ကလေးများ ငယ်ရွယ်စဥ်မှာ ကာကွယ်ကုသရန် လွယ်ကူတဲ့ မျက်လုံးကျန်းမာရေးဆိုင်ရာများအတွက် အထူးကုသမှုစင်တာဖြစ်ပါတယ်။
Oculoplastic ဆိုတာ မျက်လုံး (Eye) နဲ့ ပလတ်စတစ်ဆာဂျရီ (Plastic Surgery) တို့ကို ပေါင်းစပ်ထားတဲ့ အထူးကုသမှုနယ်ပယ်တစ်ခု ဖြစ်ပါတယ်။ မျက်လုံးအိမ်အတွင်းက အစိတ်အပိုင်းတွေသာမက မျက်ခွံ (Eyelids)၊ မျက်ရည်လမ်းကြောင်း (Tear Ducts)၊ မျက်လုံးအိမ်ရိုး (Orbit) နဲ့ မျက်လုံးပတ်လည် မျက်နှာအစိတ်အပိုင်းတွေကိုပါ ပြုပြင်ကုသပေးတဲ့ ပညာရပ်ဖြစ်ပါတယ်။