Loading...

LASIK နည်းပညာ အမျိုးအစားများ

အမေရိကန်နိုင်ငံရဲ့ စံနှုန်းဖြစ်တဲ့ AACI Accreditation ရရှိထားပြီး နောက်ဆုံးပေါ် AI နှင့် စက်ကိရိယာများကို အသုံးပြုကုသပေးနေတဲ့ Smart Eye Hospital Concept နဲ့အတူ Bangkok Eye Hospital အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု၊ ကုသမှုသက်တမ်းနှစ်ပေါင်း ၂၇ အထက်ရှိပြီးဖြစ်တဲ့ သက်ဆိုင်ရာ Refractive Surgery Specialists များကိုယ်တိုင်ဦးဆောင်ကုသပေးလျက်ရှိတာကြောင့် လူနာများအနေဖြင့် အကောင်းဆုံးအမြင်အာရုံကို ဘေးကင်းစိတ်ချစွာဖြင့် ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။

Phakic IOL (ICL)

Phakic IOL (ICL)

Phakic IOL ကုသမှု

ဤကုသနည်းတွင် အထူးပြုလုပ်ဖန်တီးထားပြီးမျက်လုံးအတွင်းထည့်သွင်းနိုင်သောမျက်ကပ်မှန်ကဲ့သို့ Implantable Contact Lens (ICL) ကို မျက်ကြည်လွှာ၏အနောက်ပိုင်းတွင်ထည့်သွင်းပြီး မျက်စိမှုန်ခြင်းပြဿနာကိုကုသပါတယ်။ မျက်လုံးအတွင်းမှာ သဘာဝအတိုင်းပါရှိသော Natural Intraocular Lens ကိုဖယ်ရှားရန်မလိုအပ်ပါ။ 

ICL အတွက် Lenses များကို Collamer ကနေပြုလုပ်ထားပြီး အောက်ပါထူးခြားချက်များပါဝင်နေပါတယ်။ 

"ခန္ဓာကိုယ်တွင် ကောင်းစွာလိုက်လျောညီထွေရှိစေတာကြောင့် ဓာတ်မတည့်ခြင်းမဖြစ်စေနိုင်ပါ။ ဒါကြောင့် မျက်လုံးအတွင်းမှာရေရှည်တည်မြဲစွာရှိနေရန် အထူးသင့်လျော်ပါတယ်။ 

ICL ကုထုံး၏ အားသာချက်များ

  1. အလင်းယိုင်ခြင်းပြဿနာများအတွက် ကန့်သတ်ချက်မရှိ ကုသပေးနိုင်ခြင်း
  2. မျက်ကြည်လွှာအထူအပေါ် သက်ရောက်မှုမရှိခြင်း
  3. Recovery အချိန်တိုတောင်းပြီး ကြည်လင်သောအမြင်အာရုံ ရရှိစေနိုင်ခြင်း
  4. လူနာရဲ့ ဆန္ဒအလိုက် ပြန်လည်ဖယ်ရှားပေးနိုင်ခြင်း
ICL ကုထုံး၏ အားသာချက်များ

Useful Knowledge

မျက်စိလေဆာကုသရန် သင့်တော်သူများShow More
အမြင်အာရုံကြည်လင်စေဖို့ မျက်မှန်၊ မျက်ကပ်မှန်အသုံးပြုရခြင်းကို အခက်တွေ့နေသူများ၊ နေ့စဥ်ဘဝမှာ ကြည်လင်တဲ့အမြင်အာရုံဖြင့် လွတ်လပ်ပေါ့ပါးစွာ နေလိုသူများအတွက် အထူးသင့်တော်ပါတယ်။
အမြင်အာရုံကြည်လင်စေဖို့ မျက်မှန်၊ မျက်ကပ်မှန်အသုံးပြုရခြင်းကို အခက်တွေ့နေသူများ၊ နေ့စဥ်ဘဝမှာ ကြည်လင်တဲ့အမြင်အာရုံဖြင့် လွတ်လပ်ပေါ့ပါးစွာ နေလိုသူများအတွက် အထူးသင့်တော်ပါတယ်။
အသက် (၁၈) နှစ်ပြည့်ပြီးသူများဖြစ်ရပါမယ်။ အဲ့မတိုင်မီမှာ ကြီးထွားဖွံ့ဖြိုးမှုရှိသေးတာကြောင့် မျက်မှန်ပါဝါ မငြိမ်သေးတာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် အသက် (၁၈) နှစ်ပြည့်ပြီးမှသာ မျက်စိလေဆာကုသမှုအတွက် လုပ်ဆောင်သင့်ပါတယ်။

မျက်ကြည်လွှာနှင့် ပတ်သက်သော ရောဂါများ၊ အထူးသဖြင့် Keratoconus (ပုံမှန်ထက်ရှည်ထွက်နေသော မျက်ကြည်လွှာပုံစံ) နှင့် မျက်ကြည်လွှာပါးခြင်းရှိသူများ၊ ဒဏ်ရာအနာကျက်ခြင်းကို နှောင့်နှေးစေနိုင်သောအခြေအနေရှိသူများအနေဖြင့် မျက်စိလေဆာကုသနိုင်ခြေရာခိုင်နှုန်းနည်းပါးပါတယ်။

ကိုယ်ဝန်ဆောင်များမှာ ဟော်မုန်းပြောင်းလဲမှုများနှင့် အခြားသောပြောင်းလဲမှုများကြောင့် မျက်စိလေဆာကုသမှုပြုလုပ်ရန် မသင့်တော်ပါ။
ကိုယ်ဝန်ဆောင်များမှာ ဟော်မုန်းပြောင်းလဲမှုများနှင့် အခြားသောပြောင်းလဲမှုများကြောင့် မျက်စိလေဆာကုသမှုပြုလုပ်ရန် မသင့်တော်ပါ။
အသက် (၄၀) နှင့်အထက်လူနာများသည် အဝေးပါဝါအပြည့်ဖျောက်ကုသပြီးပါက စာကြည့်မျက်မှန်လိုအပ်နိုင်ပါတယ်။ မျက်စိလေဆာကုသမှုသည် အသက်အရွယ်ကြောင့်ဖြစ်သော အမြင်အာရုံပြောင်းလဲမှုများကို ကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး။
အသက် (၄၀) နှင့်အထက်လူနာများသည် အဝေးပါဝါအပြည့်ဖျောက်ကုသပြီးပါက စာကြည့်မျက်မှန်လိုအပ်နိုင်ပါတယ်။ မျက်စိလေဆာကုသမှုသည် အသက်အရွယ်ကြောင့်ဖြစ်သော အမြင်အာရုံပြောင်းလဲမှုများကို ကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး။
မျက်စိလေဆာကုသခြင်းနှင့် ပတ်သက်သည်များကို လေ့လာသိရှိပြီး ကုသမှုအကျိုးကျေးဇူးနှင့် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများကို သေချာစွာနား‌လည်အောင် လေ့လာထားရန်လိုအပ်ပါတယ်။
မျက်စိလေဆာကုသခြင်းနှင့် ပတ်သက်သည်များကို လေ့လာသိရှိပြီး ကုသမှုအကျိုးကျေးဇူးနှင့် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများကို သေချာစွာနား‌လည်အောင် လေ့လာထားရန်လိုအပ်ပါတယ်။

Eye Examination လုပ်ဆောင်ရန် ပြင်ဆင်ခြင်းShow More
Eye Examination လုပ်ဆောင်ရန် ပြင်ဆင်ခြင်း
1
မျက်ကပ်မှန်အသုံးပြုသူများအနေဖြင့် SOFT LENSES အမျိုးအစားအတွက် (၃) ရက်အပြည့်၊ HARD LENSES အမျိုးအစားအတွက် (၇) ရက်အပြည့် ရက်ချိန်းမတိုင်မီ ကြိုတင်ရပ်ထားပေးရန် မဖြစ်မနေလိုပါတယ်။
2
စစ်ဆေးရာမှာ Pupil Dilation လို့ခေါ်တဲ့ မျက်စိသူငယ်အိမ်ကို မျက်စဥ်းခပ်ခြင်းဖြင့်ကျယ်စေပြီး စစ်ဆေးမယ့်အဆင့်လည်း ပါဝင်ပါတယ်။ သက်ရောက်မှုအနေဖြင့် အဲ့နေ့မှာ အမြင်အာရုံမှုန်ဝါးခြင်း၊ အလင်းစူးခြင်း ယာယီဖြစ်နိုင်ပါတယ်။ အပြန်မှာ မိသားစု (သို့) မိတ်ဆွေများဖြင့်ပြန်ရန် အကြံပြုပါတယ်။
3
မျက်စဥ်းခပ်ထားခြင်းကြောင့် အလင်းစူးခြင်းကို ကာကွယ်ရန် နေကာမျက်မှန်ယူဆောင်လာခဲ့ပါ။

မျက်စိလေဆာပစ်မည့်နေ့မတိုင်မီ ပြင်ဆင်ရမည့်အချက်များShow More
မျက်ကပ်မှန်တပ်သူများအနေဖြင့် ရက်ချိန်းမတိုင်မီ SOFT LENSES ဆိုရင် ၃ ရက်အပြည့်၊ HARD LENSES ဆိုရင် ၇ ရက်အပြည့် ကြိုရပ်ထားရန် အရေးကြီးပါတယ်။
မျက်ကပ်မှန်တပ်သူများအနေဖြင့် ရက်ချိန်းမတိုင်မီ SOFT LENSES ဆိုရင် ၃ ရက်အပြည့်၊ HARD LENSES ဆိုရင် ၇ ရက်အပြည့် ကြိုရပ်ထားရန် အရေးကြီးပါတယ်။
မိတ်ကပ်လိမ်းခြယ်ခြင်း၊ အထူးသဖြင့် မျက်လုံးနားတစ်ဝိုက်တွင် လိမ်းခြယ်ခြင်း မပြုလုပ်ရပါ။
မိတ်ကပ်လိမ်းခြယ်ခြင်း၊ အထူးသဖြင့် မျက်လုံးနားတစ်ဝိုက်တွင် လိမ်းခြယ်ခြင်း မပြုလုပ်ရပါ။
ရေမွှေးနှင့် အခြားသော Spray များ အသုံးပြုလာခြင်းကို ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။ ဒီအရာတွေက လေဆာစနစ်တွေအတွက် ဆိုးကျိုးသက်ရောက်စေနိုင်တာကြောင့်ပါ။
ရေမွှေးနှင့် အခြားသော Spray များ အသုံးပြုလာခြင်းကို ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။ ဒီအရာတွေက လေဆာစနစ်တွေအတွက် ဆိုးကျိုးသက်ရောက်စေနိုင်တာကြောင့်ပါ။
ချောင်ချိသက်သောင့်သက်သာဖြစ်စေသော အမျိုးအစားများသာ ဝတ်ဆင်ရန်နှင့်၊ ရက်ချိန်းမလာရောက်မီ ရေချိုး / ခေါင်းလျှော်ပြုလုပ်လာနိုင်ပါတယ်။
ချောင်ချိသက်သောင့်သက်သာဖြစ်စေသော အမျိုးအစားများသာ ဝတ်ဆင်ရန်နှင့်၊ ရက်ချိန်းမလာရောက်မီ ရေချိုး / ခေါင်းလျှော်ပြုလုပ်လာနိုင်ပါတယ်။
ကုသမည့်နေ့တွင် သူငယ်ချင်း၊ မိတ်ဆွေ (သို့) မိသားစုတစ်ဦးအတူ လိုက်ပါလာရန် အကြံပြုပါတယ်။
ကုသမည့်နေ့တွင် သူငယ်ချင်း၊ မိတ်ဆွေ (သို့) မိသားစုတစ်ဦးအတူ လိုက်ပါလာရန် အကြံပြုပါတယ်။
မျက်စိလေဆာပစ်မည့်နေ့မတိုင်မီ ပြင်ဆင်ရမည့်အချက်များ

မှန်ဘီလူးလဲခြင်းအတွက် ကုသမှုအဆင့်များShow More
မှန်ဘီလူးလဲခြင်းအတွက် ကုသမှုအဆင့်များ
1
ICL ကုသမှုမတိုင်မီ ၂ ပတ်အလိုတွင် YAG Laser Treatment ပြုလုပ်ရန်လိုအပ်ပါတယ်။ မျက်လုံးအတွင်းဖိအားများလာနိုင်ခြင်းကို ကာကွယ်ရန် မျက်လုံးရဲ့ အရှေ့ပိုင်းအစိတ်အပိုင်းဖြစ်တဲ့ Iris ရဲ့ ဘေးဘက်မှာ လေဆာဖြင့် သေးငယ်သောအပေါက်လေးဖော်ပေးထားခြင်းဖြစ်ပါတယ်။
2
ICL ကုသရာမှာ လုပ်ဆောင်မယ့်အဆင့်များ

1. သူနာပြုများမှ သူငယ်အိမ်ချဲ့တဲ့မျက်စဥ်းနှင့် ထုံဆေးမျက်စဥ်းများကို အချိန်အလိုက်ခပ်ပေးမှာဖြစ်ပါတယ်။
2. ကုသမှုစတင်တဲ့အခါ ဆရာဝန်မှ 3 mm ဝန်းကျင်အပေါက်ငယ်လေးကို ဖန်တီးပြီး မျက်လုံးအတွင်းမှာ မှန်ဘီလူးထည့်နိုင်ရန် ပြင်ဆင်မှာဖြစ်ပါတယ်။ ဒီလိုအပေါက်ငယ်လေး ဖန်တီးရာမှာ ခွဲစိတ်ရန် (သို့) ချုပ်ရိုးမလိုတာကြောင့် အနာကျက်မြန်ပါတယ်။ 

3. မျက်လုံးအတွင်းဖိအားလျှော့ချနိုင်ရန် ဆေးညွှန်ကြားပေးထားမှာဖြစ်ပြီး နောက်တစ်နေ့မှာ ကုသမှုအပြီးအခြေအနေကို အသေးစိတ်ပြန်လည်စစ်ဆေးပေးမှာဖြစ်ပါတယ်။

ကုသမှုအစအဆုံးအတွက် ၁၅ - ၂၀ မိနစ်ဝန်းကျင်သာကြာမြင့်ပြီး လူနာများအနေဖြင့် အိမ်ပြန်အနားယူနိုင်ပါတယ်။ တစ်ကြိမ်မှာ မျက်လုံးတစ်ဖက်ကိုသာ ကုသမှာဖြစ်ပြီး ‌နောက်တစ်ဖက်အတွက်ကို လူနာရဲ့ ခံနိုင်ရည်၊ ကုသမှုအပြီးအခြေအနေအလိုက် ရက်ချိန်းပြန်လည်ပြုလုပ်ပေးမှာဖြစ်ပါတယ်။

ဆေးရုံတည်နေရာ

Laser Vision International LASIK Center

10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230

calling
ဆက်သွယ်ရန် :