အတွင်းတိမ်ခွဲစိတ်ကုသမှု (Cataract Surgery)
ဘန်ကောက်မျက်စိအထူးကုဆေးရုံကြီး (Bangkok Eye Hospital)
"အတွင်းတိမ် (သို့မဟုတ်) သက်ကြီးရွယ်အိုများတွင် အမြင်အာရုံဆုံးရှုံးရခြင်း၏ အဓိကအကြောင်းအရင်းတစ်ခု"
အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေလိုပဲ မျက်စိကလည်း တဖြည်းဖြည်းယိုယွင်းလာတတ်ပါတယ်။ ဒါကြောင့် "အတွင်းတိမ်" ဟာ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ အမြင်အာရုံကွယ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခု လည်း ဖြစ်ပါတယ်။ စစ်တမ်းများအရ မျက်စိကွယ်ရသူအားလုံးရဲ့ ၆၉ ရာခိုင်နှုန်းကျော်ဟာ အတွင်းတိမ်ကြောင့်ဖြစ်ရတာပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့... အချိန်မီသိရှိပြီး စနစ်တကျခွဲစိတ်ကုသမှု ခံယူမယ်ဆိုရင် အမြင်အာရုံကို ပြန်လည်ကြည်လင်စေနိုင်ပါတယ်။
⏳ ပရိုမိုးရှင်းကာလ - ယနေ့မှ ၂၀၂၆ ဇွန်လ ၁၄ ရက်နေ့အထိသာ
ဘယ်အချိန်မှာ အတွင်းတိမ်ခွဲစိတ်ဖို့ လိုအပ်ပြီလဲ?
ယေဘုယျအားဖြင့် အတွင်းတိမ်ရှိရုံနဲ့ ချက်ချင်းခွဲစိတ်ဖို့ မလိုသေးပါဘူး။ အမြင်အာရုံက နေ့စဉ်လူမှုဘဝအတွက် ရှင်းလင်းနေသေးရင် စောင့်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ အမြင်အာရုံဝေဝါးလာပြီး နေ့စဉ်အလုပ်လုပ်ရတာကို အနှောင့်အယှက်ဖြစ်စေပြီဆိုရင်တော့ နောက်ဆက်တွဲရောဂါတွေမဖြစ်အောင်နဲ့ အမြင်အာရုံပြန်လည်ကြည်လင်လာစေဖို့ အမြန်ဆုံးခွဲစိတ်ကုသသင့်ပါတယ်။
⚠️ "ခွဲစိတ်ဖို့ အချိန်တန်ပြီ" ဆိုတဲ့ သတိပေးလက္ခဏာများ
- မျက်မှန် (သို့) မျက်ကပ်မှန်ပြောင်းလဲတပ်ဆင်ပေမဲ့ မကြည်လင်ခြင်း
- အရာဝတ္ထုများကို အလွှာလိုက် ထပ်နေသလို မြင်ရခြင်း (သို့မဟုတ်) ညဘက်ကားမောင်းလျှင် မီးရောင်များစူးခြင်း
- အရောင်များမှိန်သွားခြင်း (သို့မဟုတ်) မျက်စိရှေ့မှာ မြူပိတ်နေသလို ဝေဝါးနေခြင်း
- စာဖတ်ခြင်း၊ တီဗီကြည့်ခြင်းတို့လို နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ကိုင်ရခက်ခဲလာခြင်း
- အတွင်းတိမ် ရင့်မာလာပြီး အမြင်အာရုံကို ကွယ်လာတာကြောင့် လူနေမှုဘဝအရည်အသွေးကို ထိခိုက်လာခြင်း
✅ "အတွင်းတိမ် ရင့်မာလာတဲ့အထိ ဘာလို့မစောင့်သင့်တာလဲ?"
လက်ရှိအချိန်မှာတော့ အတွင်းတိမ်ခွဲစိတ်မှုနည်းပညာဟာ အလွန်တိုးတက်နေပြီဖြစ်လို့ စိတ်ချရပြီး မြန်ဆန်ကာ တိကျမှုအလွန်မြင့်မားပါတယ်။ ဒါကြောင့် မျက်စိလုံးဝမမြင်ရတဲ့အထိ တိမ်ရင့်လာအောင် စောင့်နေဖို့မလိုပါဘူး။
စောစောစီးစီး ကုသမှုခံယူခြင်းက ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ ရေတိမ်ဖြစ်ခြင်း သို့မဟုတ် မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းတို့ကြောင့် အမြင်အာရုံထာဝရဆုံးရှုံးနိုင်ခြေကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။
အတွင်းတိမ်ခွဲစိတ်မှု စျေးနှုန်းများ (မျက်လုံးတစ်ဖက်ချင်းအတွက်)
* စည်းကမ်းချက်များနှင့် မှတ်ချက်များ -
- အထက်ပါ ပရိုမိုးရှင်းစျေးနှုန်းသည် ၂၀၂၆ ဇွန်လ ၁၄ ရက်နေ့အထိသာ သက်ရောက်မှုရှိပါသည်။
- ဤစျေးနှုန်းတွင် - ကနဦးမျက်စိစစ်ဆေးပြီး ခွဲစိတ်မှုမပြုလုပ်မီ ဆွေးနွေးတိုင်ပင်ခြင်းအတွက် ကျသင့်ငွေ နှင့် ခွဲစိတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲစစ်ဆေးခများ မပါဝင်ပါ။
- အတိုးနှုန်း ၀% ဖြင့် အရစ်ကျပေးချေနိုင်ပါသည် (အရစ်ကျပေးချေမှု စည်းကမ်းချက်များသည် ဆေးရုံမှ သတ်မှတ်ထားသော စျေးနှုန်းပက်ကေ့ဂျ်နှင့် ဘဏ်များအပေါ်တွင်သာ မူတည်ပါသည်)
ဘာကြောင့် Bangkok Eye Hospital ကို ရွေးချယ်သင့်တာလဲ?
- ကျွမ်းကျင်မှုဆိုင်ရာ အတွေ့အကြုံ - သက်တမ်း ၂၈ နှစ်ကျော် ရှိပြီဖြစ်သော မျက်စိအထူးကုဆေးရုံကြီး ဖြစ်ခြင်း။
- ပြည့်စုံသော အထူးကုဆရာဝန်ကြီးများအဖွဲ့ - အတွင်းတိမ်နှင့် မျက်ကြည်လွှာအတု အစားထိုးခြင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများ အပါအဝင် မျက်လုံးကျန်းမာရေးကုသမှုဆိုင်ရာ နယ်ပယ် ၉ ခုလုံးမှ အထူးကုဆရာဝန်ကြီးများ စုံလင်စွာရှိခြင်း။
- ကမ္ဘာ့အဆင့်မီ နည်းပညာများ - တိကျမှု အမြင့်မားဆုံးဖြစ်စေရန်အတွက် Femtosecond Laser နှင့် ၃ ဘက်မြင် (3D) မျက်စိတိုင်းတာရေးစက်ကဲ့သို့သော နိုင်ငံတကာအဆင့်မီ ခွဲစိတ်မှုနည်းပညာများကို အသုံးပြုထားခြင်း။
- နှလုံးသားဖြင့် ဝန်ဆောင်မှုပေးခြင်း - လူနာများအပေါ် နားလည်စာနာမှုအပြည့်ဖြင့် အမြင်အာရုံ ကြည်လင်ကျန်းမာစေရန် အသေးစိတ်ကစလို့ ဂရုတစိုက် ဝန်ဆောင်မှုပေးခြင်း။

