ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော သို့မဟုတ် အမြဲတမ်း နေထိုင်သော နိုင်ငံခြားသားများအတွက် ပရိုမိုးရှင်းများစွာထဲမှ ကလေးငယ်များအတွက် အထူးစီစဉ်ထားသော မျက်စိစစ်ဆေးမှုပက်ကေ့ချ် (၂) ခု ကိုလည်း မိတ်ဆက်လိုက်ပါတယ်။
Preschoolers Package (၇ နှစ်အောက်ကလေးများအတွက်)
အထူးစျေးနှုန်း: ၁,၅၀၀ ဘတ် (မူလစျေးနှုန်း ၃,၅၀၀ ဘတ်မှ)
ပရိုမိုးရှင်းကာလ: ဇွန်လ ၃၀ ရက်နေ့အထိ
Primary Schoolers Package (၇ နှစ်နှင့်အထက်ကလေးများအတွက်)
အထူးစျေးနှုန်း: ၂,၅၀၀ ဘတ် (မူလစျေးနှုန်း ၆,၀၀၀ ဘတ်မှ)
ပရိုမိုးရှင်းကာလ: ဇွန်လ ၃၀ ရက်နေ့အထိ
ကလေးများအတွက်စစ်ဆေးရာမှာ အတွေ့အကြုံရှိသော ကလေးမျက်စိအထူးကုဆရာဝန်ကြီးများ ကိုယ်တိုင်စစ်ဆေးပေးမှာဖြစ်လို့ သင်ယူမှုနှင့် ဖွံ့ဖြိုးမှုအတွက် ကျန်းမာသောမျက်လုံးများ ပိုင်ဆိုင်စေရန် အပြည့်အဝ အထောက်အကူပြုမှာ ဖြစ်ပါတယ်။
ကလေးသူငယ်များအတွက် မျက်စိစစ်ဆေးခြင်းက ဘာလို့အရေးကြီးပါသလဲ?
- အမြင်အာရုံပြဿနာများကို အလွယ်တကူ သတိမပြုမိနိုင်ခြင်း - ကလေးသူငယ်တွေဟာ မိမိတို့ရဲ့ အမြင်အာရုံဆိုင်ရာအခက်အခဲတွေကို သိရှိနားလည်ခြင်း (သို့မဟုတ်) ထုတ်ဖော်ပြောဆိုလေ့ မရှိတတ်ကြပါဘူး။
- စောစီးစွာသိရှိခြင်းဖြင့် အချိန်မီကုသနိုင်ခြင်း - ပြဿနာကို စောစီးစွာတွေ့ရှိပါက ထိရောက်တဲ့ကုသမှုကို အချိန်မီရရှိစေပြီး မျက်လုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။
- ကျန်းမာဖွံ့ဖြိုးမှုကို အားပေးခြင်း - ကောင်းမွန်တဲ့အမြင်အာရုံဟာ ထိရောက်တဲ့သင်ယူမှုစွမ်းရည်နဲ့ ကလေး၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျတဲ့ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။
သင့်ကလေးရဲ့ ကျန်းမာတဲ့အမြင်အာရုံအတွက် ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ ပရိုမိုးရှင်းမကုန်ဆုံးခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ မတိုင်မီ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါတယ်။
ပရိုမိုးရှင်းအတွက် စည်းကမ်းသတ်မှတ်ချက်များ
- ဤပရိုမိုးရှင်းဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ အကျုံးဝင်ပါတယ်။
- ပက်ကေ့ချ်အလိုက်သင့်လျော်မှုကို လူနာတစ်ဦးချင်းစီအလိုက် ကလေးမျက်စိအထူးကုဆရာဝန်ကြီးများကိုယ်တိုင် ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
- ဖော်ပြပါစျေးနှုန်းတွင် မျက်စိအထူးကုဆရာဝန်ကြေး၊ ဆေးရုံဝန်ဆောင်ခ နှင့် သူနာပြုကြေးတို့ ပါဝင်ပြီး ဖြစ်ပါတယ်။
- ဆရာဝန်၏အကြံပြုချက်အရ ထပ်မံစစ်ဆေးမှုများ လိုအပ်ပါက Addition Charges ကျသင့်မှာဖြစ်ပါတယ်။
- ဤအထူးအစီအစဉ်ကို အခြားလျှော့စျေးများ၊ ပရိုမိုးရှင်းများနဲ့အတူ ပူးတွဲအသုံးပြုနိုင်မှာမဟုတ်ပါဘူး။
- စစ်ဆေးမှုအောင်မြင်ရန်အတွက် လူနာကလေး၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ ကလေးသူငယ်မှ ငြင်းဆန်ခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုမပြုပါက ဆေးရုံအနေနဲ့ ဝန်ဆောင်မှုအတွက် ကျသင့်ငွေ ပြန်အမ်းပေးရန် ငြင်းဆိုပိုင်ခွင့်ရှိပါတယ်။
- ဝန်ဆောင်မှုရယူရာမှာ အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းရယူရန် လေးစားစွာ အကြံပြုအပ်ပါတယ်။
- ဤဝန်ဆောင်မှုကို ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော သို့မဟုတ် အမြဲတမ်း နေထိုင်သော နိုင်ငံခြားသားများသာ ရရှိနိုင်ပါတယ်။
- ဤပက်ကေ့ခ်ျတွင် ဆေးဖိုးဝါးခနဲ့ အခြားလိုအပ်နိုင်တဲ့ ဆေးဘက်ဆိုင်ရာလုပ်ငန်းစဥ်များ (ရှိပါက) အတွက် မပါဝင်ပါ။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်းနံပါတ် +66965426179 သို့ ဆက်သွယ်မေးမြန်းနိုင်သလို LINE ID: @bangkokeyehospital သို့လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။