ဒီအချက်တွေက အသက်ကြီးလာလို့ဖြစ်တယ်ဆိုတာထက် ပိုတဲ့အကြောင်းရင်းရှိနိုင်ပါတယ်။
မျက်မှန်အသစ်လဲလိုက်ရုံ၊ ပါဝါပြောင်းတပ်လိုက်ရုံနဲ့ မဖြေရှင်းနိုင်တဲ့အခါ၊ ဒါဟာ မျက်လုံးအတွင်းပိုင်းမှာရှိတဲ့ သဘာဝမှန်ဘီလူး နောက်ကျိလာတဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အတွင်းတိမ်ရဲ့ အစပျိုးလက္ခဏာ ဖြစ်နိုင်ပါတယ်။
ဒီအခြေအနေကို စောစီးစွာသိရှိခြင်းက အမြင်အာရုံရဲ့ အရည်အသွေးကို ထိန်းသိမ်းဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။
အတွင်းတိမ်ဖြစ်ပေါ်လာခြင်းက အလွန်နှေးကွေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တာကြောင့် လူအများစုက သူတို့ရဲ့အမြင်အာရုံ ဘယ်လောက်တောင် ပြောင်းလဲလာပြီလဲဆိုတာကို ချက်ချင်း သတိမပြုမိကြပါဘူး။
အောက်ပါအချက်တွေက သင်ကြုံတွေ့နေရတဲ့ အရာတွေနဲ့ တူညီနေသလား ဆန်းစစ်ကြည့်ပါ . . .
➡️ အရာဝတ္ထုတွေက မှုန်ဝါးပြီး အရောင်မှိန်နေခြင်း - အမြင်အာရုံက ဝါးနေရုံမကဘဲ၊ အရောင်တွေကလည်း အရင်လို မစိုပြည်တော့ဘဲ ဝါကျင့်ကျင့်ဖြစ်နေပါတယ်။ ပုံရိပ်တွေက အရင်လိုမပြတ်သားတော့ပါဘူး။
➡️ အလင်းရောင်များ ပြန့်ကျဲထွက်ခြင်း - အထူးသဖြင့် ညအချိန်မှာ လမ်းမီးတိုင်တွေနဲ့ ကားရှေ့မီးလုံးတွေက အလင်းတန်းတွေ ပြန့်ကျဲထွက်နေပြီး ယာဉ်မောင်းနှင်ရာမှာ အာရုံစူးစိုက်ရခက်စေပါတယ်။
➡️ အလင်းစူးတာကို မခံနိုင်ခြင်း - နေရောင်ခြည် သို့မဟုတ် အလင်းစူးစူးတွေက မျက်စိကိုပိုစူးလာစေပြီး မျက်လုံးကို အလိုလို ကျုံ့ကြည့်မိစေပါတယ်။
➡️ အသက် ၅၀ ကျော်လာခြင်း (သို့မဟုတ်) ဆီးချိုရောဂါရှိခြင်း - ဒီအချက်တွေက အတွင်းတိမ်ဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့အတွက် အမြင်အာရုံပြောင်းလဲမှုတွေကို ပိုပြီးဂရုပြုသင့်ပါတယ်။
ဒီအချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင်၊ ဒါကို လျစ်လျူရှုမထားသင့်ပါဘူး။ မျက်လုံးမှန်ဘီလူး ပိုပြီးနောက်ကျိလာတာနဲ့အမျှ သင့်ပတ်ဝန်းကျင်က အသေးစိတ်အချက်အလက်တွေကို မြင်နိုင်စွမ်းလည်း တဖြည်းဖြည်း လျော့နည်းလာမှာဖြစ်ပါတယ်။
ဒါက လှေကားအတက်အဆင်းကအစ၊ အဝေးတစ်နေရာက မိတ်ဆွေတစ်ယောက်ကို မှတ်မိနိုင်စွမ်းအဆုံး အရာအားလုံးကို ထိခိုက်စေနိုင်ပါတယ်။
အမြင်အာရုံပြောင်းလဲမှုရဲ့ တကယ့်အကြောင်းရင်းကို သိရှိဖို့၊ မျက်မှန်ပါဝါစစ်ဆေးတာအပြင် မျက်လုံးအတွင်းပိုင်းဖွဲ့စည်းပုံကို အသေးစိတ်ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ပါတယ်။
Bangkok Eye Hospital ရဲ့ Advanced Cataract Screening Package မှာဆိုရင် သင့်မျက်လုံးအတွင်းပိုင်းရှိ အစိတ်အပိုင်းများဖြစ်သော မှန်ဘီလူး၊ မြင်လွှာ၊ မျက်ကြည်လွှာတို့ကို တိုက်ရိုက်ကြည့်ရှုပြီး သင့်အမြင်အာရုံပြဿနာအတွက် တိကျသောအကြောင်းရင်းကို ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။
✅ Visual Acuity
မတူညီသောအကွာအဝေးအလိုက် မျက်လုံး၏မြင်နိုင်စွမ်းကို တိကျစွာ တိုင်းတာစစ်ဆေးပေးခြင်း
✅ Computer Autorefractometer
ခေတ်မီစက်ကိရိယာဖြင့် မျက်မှန်ပါဝါကို တိကျစွာတိုင်းတာပေးခြင်း
✅ Automatic Tonometer
မျက်စိရေတိမ် (Glaucoma) စစ်ဆေးရာမှာ အရေးပါသော မျက်စိအတွင်းဖိအားကို တိုင်းတာပေးခြင်း
✅ Dilating Eye Examination
မျက်စိသူငယ်အိမ်ကို မျက်စဥ်းခပ်ခြင်းဖြင့် ကျယ်စေပြီး မျက်လုံးအတွင်းပိုင်းကို စစ်ဆေးနိုင်ရန် ပြင်ဆင်ခြင်း
✅ Manifest Refraction by Refractionist
လူနာ၏ အမြင်အာရုံကို အခြေခံပြီး မျက်မှန် (သို့မဟုတ်) ကုသမှုလုပ်ဆောင်ရန်အတွက် လိုအပ်သော ပါဝါအနေအထားကို အသေးစိတ် တိုင်းတာစစ်ဆေးခြင်း
✅ Optical Coherence Tomography (Retina)
အလင်းကိုအသုံးပြုပြီး ပုံရိပ်ဖော်စနစ်ဖြင့် မျက်လုံး၏ အမြင်အာရုံခံအလွှာနှင့် မျက်ကြည်လွှာအတွင်းပိုင်းအလွှာများကို စစ်ဆေးခြင်း
✅ Fundus Photography
မျက်လုံးအတွင်းပိုင်းအနောက်ခန်းရှိ အမြင်အာရုံခံလွှာကို ပုံရိပ်ဖမ်းယူ၍ စစ်ဆေးပေးခြင်း
✅ Pentacam
မျက်ကြည်လွှာရဲ့ ပုံသဏ္ဍာန်ကို 3D ပုံရိပ်ဖြင့် ပုံဖော်စစ်ဆေးခြင်း
✅ Endothelial Cell Count
အထူးဖန်တီးထားသော နောက်ဆုံးပေါ်မှန်ဘီလူးဖြင့် Corneal Endothelial Cell အခြေအနေကို တွက်ချက်စစ်ဆေးပြီး ကုသရာမှာ ဘေးကင်းစေခြင်း
✅ Slit Lamp Examination and Consultation by Specialist
မျက်စိအထူးကုဆရာဝန်ကြီးကနေ အတွင်းတိမ်နှင့် သက်ဆိုင်ရာမျက်လုံးကျန်းမာရေးအခြေအနေများကို ကိုယ်တိုင်တွက်ချက်စစ်ဆေးပေးခြင်း၊ ကုသမှုအတွက် ဆွေးနွေးတိုင်ပင်အတည်ပြုပေးခြင်း
✅ IOL Master
အတွင်းတိမ်ကုသမှုအတွက် လိုအပ်သောမှန်ဘီလူးတိုင်းတာမှုကို ပြုလုပ်ပေးခြင်း
စစ်ဆေးမှုအပြီးတွင် ဆရာဝန်မှ ခွဲစိတ်ကုသရန် လိုအပ်သည်ဟု အကြံပြုပါက၊ ခွဲစိတ်မှု ကုန်ကျစရိတ်ကို 5% Discount ဖြင့် ကုသနိုင်ပါတယ်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ အကျုံးဝင်ပါတယ်။
သင့်အမြင်အာရုံနှင့်ပတ်သက်ပြီး တိကျသောအဖြေကို စောစီးစွာသိရှိခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
ရက်ချိန်းရယူဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။
📱 Viber (မြန်မာ): +66965426179