Loading...

Refractive Lens Exchange (RLE)

Refractive Lens Exchange (RLE)

Refractive Lens Exchange (Lens Replacement)

အသက် ၄၀ နောက်ပိုင်းမှာ အဝေးကြည့်၊ အနီးကြည့်ရန်အတွက် Focus ပြောင်းလဲနိုင်စွမ်း တဖြည်းဖြည်းလျော့ကျလာပါတယ်။ ဤအခြေအနေကို Presbyopia ဟုခေါ်ပါတယ်။ မျက်လုံးအတွင်းရှိ အသက်အရွယ်နဲ့ ဆက်နွယ်သောပြောင်းလဲမှုတွေကြောင့် Lens ရဲ့ Flexibility လျော့ကျခြင်းဖြစ်လာပါတယ်။ အသက် ၄၀ ကျော်လာပြီးနောက်မှာ ပိုပြီးသိသာထင်ရှားလာလေ့ရှိပါတယ်။ စာကြည့်ပါဝါဟု ခေါ် ကြသော်လည်း အစာစားခြင်း၊ မိတ်ကပ်လိမ်းခြင်း၊ လက်ပတ်နာရီမှ အချိန်ကြည့်ခြင်း၊ ကွန်ပြူတာအသုံးပြုခြင်းတို့မှာပါ အသုံးပြုရတဲ့အမြင်အာရုံဖြစ်ပါတယ်။ 

 

ဤအခြေအနေကို လေဆာကုထုံးအားဖြင့် ဖြေရှင်းလို့မရနိုင်ပေမယ့် RLE ကုထုံးဖြင့် ကုသနိုင်ပါတယ်။ RLE သည် Advanced Multifocal Intraocular Lens Implant နည်းဖြင့် Presbyopia အခြေအနေအား လျှော့ချပေးခြင်း (သို့) ဖယ်ရှားပေးနိုင်သော ခွဲစိတ်ကုသခြင်းဖြစ်ပါတယ်။ ဤကုသမှုကြောင့် အနီး၊ အဝေး၊ ဆလင်ဒါပါဝါ (သို့) Presbyopia အခြေအနေရှိသူများကို ကြည်လင်တဲ့အမြင်အာရုံပြန်လည်ရရှိစေနိုင်ပါတယ်။ 

RLE ကုထုံး

RLE ကုထုံးသည် အတွင်းတိမ်ကုသမှုနှင့် ဆင်တူပြီး မျက်လုံးမှာရှိတဲ့ Crystalline Lens ကို အထူးကိရိယာဖြင့်ဖယ်ရှားပြီး Artificial Lens ထည့်သွင်းကာ အလင်းယိုင်ခြင်းကို ပြုပြင်ကုသနည်းဖြစ်ပါတယ်။ အတွင်းတိမ်ရှိနေပြီးသား Lens ကို ဖယ်ရှားခြင်းထက် အလင်းယိုင်ခြင်းပြဿာနာကို ပြုပြင်ကုသခြင်းဖြစ်ပါတယ်။

LASIK သည် မျက်ကြည်လွှာပုံသဏ္ဍာန်ကို ပြောင်းလဲပေးပြီး အမြင်အာရုံကြည်လင်စေခြင်းဖြစ်ပါတယ်။ RLE ကုထုံးမှာတော့ မျက်လုံးမှာ Natural Lens ကို ဖယ်ရှားပြီး Artificial Lens အစားထိုးကုသပြီး အဝေးကြည့်သော်လည်းကောင်း၊ အနီးကြည့်သော်လည်းကောင်း (သို့) ၂ မျိုးလုံးအတွက်သော်လည်းကောင်း အမြင်အာရုံကြည်လင်ကောင်းမွန်စေခြင်းဖြစ်ပါတယ်။ 

RLE ကုထုံး

Artificial Lens အမျိုးအစားများ

  1. Multifocal IOL သည် Multi-Circle Lens အမျိုးအစားဖြစ်ပြီး အဝေး၊ အနီး အမြင်အာရုံ ၂ ခုလုံးကို တစ်ပြိုင်တည်းကြည့်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ လူနာအနေနဲ့ အမြင်အာရုံကို အသားကျစေရန် အချိန်ယူဖို့ လိုအပ်နိုင်ပါတယ်။
  2. Multifocal Toric IOLs သည် ဆလင်ဒါပါဝါရှိသူများအတွက် ဆရာဝန်များအကြံပြုလေ့ရှိပြီး အဝေး၊ အနီး သာမက ဆလင်ဒါပါဝါကိုပါ ပြန်လည်ရယူပေးနိုင်ပါတယ်။
Artificial Lens အမျိုးအစားများ

Refractive Lens Exchange (RLE) ကုထုံး၏ အကျိုးကျေးဇူးများ

  1. အကွာအဝေးအားလုံးအတွက် မျက်စိအမြင်အာရုံတိုးတက်ကောင်းမွန်စေခြင်း
  2. မျက်မှန်အပေါ် မှီခိုနေရမှုကို လျှော့နည်းစေခြင်း
  3. Recovery မြန်ခြင်း
  4. အတွင်းတိမ်အန္တရာယ်ကို ဖယ်ရှားပေးခြင်း
Refractive Lens Exchange (RLE) ကုထုံး၏ အကျိုးကျေးဇူးများ

Useful Knowledge



ဆေးရုံတည်နေရာ

ဆက်သွယ်ရန်

calling
ဆက်သွယ်ရန် :