Dr. Anun Vongthongsri သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Chulalongkorn University, Chulalongkorn ဆေးရုံဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး Prince of Songkla University တွင် Ophthalmology ကို အထူးပြုလေ့လာရန် (၃) နှစ်ကြာတက်ရောက်ခဲ့ရင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Ramathibodi ဆေးရုံဆေးတက္ကသိုလ်တွင် မျက်စိအထူးကုအဖြစ် ခန့်ထားခြင်းခံရပြီး သင်တန်းကာလပြီးဆုံးခဲ့ပါတယ်။
Dr. Anun Vongthongsri သည် အမေရိကန်ပြည်ထောင်စု၊ မစ်ဇူရီပြည်နယ်၊ စိန့်လူးဝစ်မြို့ရှိ Washington University School of Medicine ၏ Washington University Eye Center တွင် မျက်ကြည်လွှာ၊ မျက်စိရောဂါများနှင့် အလင်းယိုင်ခြင်းဆိုင်ရာမျက်စိခွဲစိတ်ကုသမှု (Cornea, External Disease and Refractive Surgery) ကို လက်တွေ့လေ့လာခွင့် (Clinical Fellowship) ရရှိခဲ့သော ထိုင်းနှင့် အရှေ့တောင်အာရှမှ ပထမဆုံး မျက်စိအထူးကုဆရာဝန် တစ်ဦးဖြစ်ပါတယ်။ အဆိုပါသင်တန်းအတွင်း Excimer လေဆာအသုံးပြု၍ PRK နှင့် LASIK မျက်စိခွဲစိတ်ကုသမှုများဆိုင်ရာ လက်တွေ့လေ့လာမှုများစွာပါဝင်ခဲ့ပါတယ်။
အလင်းယိုင်ခြင်းဆိုင်ရာ မျက်စိခွဲစိတ်ကုသမှုနှင့်ပတ်သတ်သော လေ့ကျင့်သင်ကြားမှု အတွေ့အကြုံများစွာ ရရှိပြီးတဲ့နောက်မှာ Ramathibodi ဆေးရုံ ဆေးတက္ကသိုလ်၏ မျက်ကြည်လွှာနှင့် အလင်းယိုင်ခြင်းဆိုင်ရာမျက်စိခွဲစိတ်ကုသမှုဌာနတွင် သင်ကြားရေးနည်းပြအဖြစ် ဖိတ်ခေါ်ခြင်းခံခဲ့ရပြီး မကြာမီမှာပဲ Dr. Anun Vongthongsri သည် ၂၀၀၁ ခုနှစ်တွင် ဌာန၏ ဒါရိုက်တာ အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ အလင်းယိုင်ခြင်းဆိုင်ရာမျက်စိခွဲစိတ်ကုသမှု နယ်ပယ်တွင် ပထမဆုံးထိုင်းလူမျိုးဆရာဝန်တဦးအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသော Dr. Anun Vongthongsri သည် Refractive Surgery လောကတွင်လည်း ရှေ့ဆောင်လမ်းပြအဖြစ် အသိအမှတ်ပြုခံရသူဖြစ်သည်။ LASIK နှင့် မျက်စိလေဆာခွဲစိတ်ကုသမှုများစွာကို နှစ်ပေါင်း (၃၀) ကျော်ကြာ လက်တွေ့လုပ်ဆောင်ခဲ့သော အတွေ့အကြုံရှိသူဖြစ်ပါတယ်။
ဒါ့အပြင် Cornea and Refractive Surgery Specialization Fellowship Program ၏ ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင်ပြီး၊ ထိုင်းလူမျိုးမျက်စိအထူးကုဆရာဝန်များစွာကို ခွဲစိတ်ကုသမှုပညာရှင်များဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးခဲ့သူဖြစ်ပါတယ်။
Dr. Anun Vongthongsri သည် Laser Vision International LASIK Center ၏ Founder တဦးဖြစ်ပြီး Medical Director လည်းဖြစ်ပါတယ်။ Refractive Surgery နယ်ပယ်တွင် ခေါင်းဆောင်တစ်ဦးဖြစ်သော Dr. Anun Vongthongsri နှင့် သူ၏ Medical Team ဟာ ကမ္ဘာတစ်ဝှမ်းမှ Cornea and Refractive Surgery Specialist များကို ၎င်းတို့၏ အတွေ့အကြုံ၊ ဗဟုသုတနှင့် ဆန်းသစ်တီထွင်မှုများကို မျှဝေရန်အတွက် နိုင်ငံတော်အဆင့် အစည်းအဝေးများသို့ မကြာခဏ တက်ရောက်လေ့ရှိပါတယ်။
Laser Vision International LASIK Centre သည် အရှေ့တောင်အာရှနှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတကာမျက်စိအထူးကုဆရာဝန်များ ပုံမှန်လာရောက်လေ့လာမှု ပြုလုပ်လေ့ရှိသော LASIK Centre များထဲမှ တစ်ခုဖြစ်ပါသည်။
1984 – 1990 |
|
1990 |
|
1990 – 1993 |
|
1993 – 1996 |
|
1996 – 1998 |
|
1996 – 2003 |
|
1998 – Present |
|
2000 – 2003 |
|
2001 – Present |
|
2003 – Present |
|
2003 – 2006 |
|
2003 – 2007 |
|
2004 – Present |
|
2006 |
|
2007 – Present |
|
Diplomate - Medical Association of Thailand (1990)
Thai Physician License #16195 (1990)
Diplomate - Graduate Diploma in Clinical Sciences (General Medicine), Prince of Songkla University (1991)
Diplomate - Graduate Diploma in Clinical Sciences (Ophthalmology), Mahidol University (1994)
Certificate of Proficiency in Ophthalmology, Thai Board of Ophthalmology, (1996)
Educational Commission for Foreign Medical Graduates (ECFMG) Permanent certificate #0-449-682-4 (1997)
State of Missouri Physician and Surgeon Temporary License (1997)
Certificate of Cornea, External Disease and Refractive Surgery, Washington University School of Medicine, St. Louis, MO (1998)
International Member - American Academy of Ophthalmology (AAO)
Member - International Society of Refractive Surgery (ISRS)
International Member - American Society of Cataract and Refractive Surgery (ASCRS)
International Member - European Society of Cataract and Refractive Surgery (ESCRS)
Member - the Association for Research in Vision and Ophthalmology (ARVO)
Member - Thai Ophthalmology Society Fellow, Royal College of Ophthalmology of Thailand (RCOPT)
Member - Cornea Society of Thailand (CST)
Member - Thai Glaucoma Society
Member -Thai Medical Council
Member - Washington University Alumni Association
Member - Chulalongkorn University Alumni Association
Member - Ramathibodi Hospital Alumni Association
Member - Prince of Songkla University Alumni Association