Loading...

LASIK နည်းပညာ အမျိုးအစားများ

အမေရိကန်နိုင်ငံရဲ့ စံနှုန်းဖြစ်တဲ့ AACI Accreditation ရရှိထားပြီး နောက်ဆုံးပေါ် AI နှင့် စက်ကိရိယာများကို အသုံးပြုကုသပေးနေတဲ့ Smart Eye Hospital Concept နဲ့အတူ Bangkok Eye Hospital အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု၊ ကုသမှုသက်တမ်းနှစ်ပေါင်း ၂၇ အထက်ရှိပြီးဖြစ်တဲ့ သက်ဆိုင်ရာ Refractive Surgery Specialists များကိုယ်တိုင်ဦးဆောင်ကုသပေးလျက်ရှိတာကြောင့် လူနာများအနေဖြင့် အကောင်းဆုံးအမြင်အာရုံကို ဘေးကင်းစိတ်ချစွာဖြင့် ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။

TransPRK

TransPRK

Transepithelial Photorefractive Keratectomy

Trans PRK or Transepithelial photorefractive keratectomy သည် အကျိုးကျေးဇူးများစွာရရှိနိုင်မယ့် မျက်စိလေဆာကုထုံးဖြစ်ပါတယ်။ ကုသနေစဥ် မျက်ကြည်လွှာကို Laser နှင့် Reshape လုပ်ပြီး အဝေးမှုန် ၊ အနီးမှုန် နဲ့ ဆလင်ဒါပါဝါများကို ပြုပြင်ကုသခြင်း ဖြစ်ပါတယ်။ ဤနည်းသည် အခြားကုထုံးများကဲ့သို့ Corneal Flap ဖန်တီးရန် မလိုအပ်ပါ။ မျက်ကြည်လွှာပါးသူများ (သို့) ပုံမှန်မဟုတ်တဲ့ မျက်ကြည်လွှာပုံသဏ္ဍာန်ရှိသူများအတွက် ဘေးကင်းသင့်တော်ပါတယ်။ Standard PRK ထက် Recovery မြန်ပြီး တိကျမှုပိုမြင့်တဲ့ Long-Lasting Result ကို ရရှိစေမှာပါ။ ဒါပေမယ့် ကုသမှုအပြီး အထူးဂရုစိုက်ဖို့ လိုအပ်ပြီး အမြင်အာရုံပြန်လည်ကြည်လင်လာဖို့ အချိန်ယူမှာဖြစ်ပါတယ်။  

TransPRK ကုသမှုအဆင့်များ

  1. မျက်ကြည်လွှာရဲ့ Epithelium အလွှာကို ဖယ်ရှားရန်ပြင်ဆင်ခြင်း
  2.  Epithelium အလွှာကို ဖယ်ရှားခြင်း
  3. Excimer Laser ဖြင့် မျက်ကြည်လွှာအဝိုက်အဝန်း၊ အထူပမာဏကို လိုအပ်သလို ချိန်ညှိကုသခြင်း
  4. ကုသမှုအပြီး ရက်အနည်းငယ်အတွင်း ဖြစ်လေ့ရှိသော ယားယံခြင်းကို ကာကွယ်နိုင်ရန် မျက်ကပ်မှန်တပ်ပေးခြင်း
TransPRK ကုသမှုအဆင့်များ

ဆေးရုံတည်နေရာ

Laser Vision International LASIK Center

10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230

calling
ဆက်သွယ်ရန် :