Loading...

LASIK နည်းပညာ အမျိုးအစားများ

အမေရိကန်နိုင်ငံရဲ့ စံနှုန်းဖြစ်တဲ့ AACI Accreditation ရရှိထားပြီး နောက်ဆုံးပေါ် AI နှင့် စက်ကိရိယာများကို အသုံးပြုကုသပေးနေတဲ့ Smart Eye Hospital Concept နဲ့အတူ Bangkok Eye Hospital အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု၊ ကုသမှုသက်တမ်းနှစ်ပေါင်း ၂၇ အထက်ရှိပြီးဖြစ်တဲ့ သက်ဆိုင်ရာ Refractive Surgery Specialists များကိုယ်တိုင်ဦးဆောင်ကုသပေးလျက်ရှိတာကြောင့် လူနာများအနေဖြင့် အကောင်းဆုံးအမြင်အာရုံကို ဘေးကင်းစိတ်ချစွာဖြင့် ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။

PRK

PRK

Photorefractive Keratectomy

PRK ကုထုံးသည် ဆေးရုံတက်စရာမလိုတဲ့ Surgery အမျိုးအစားဖြစ်ပါတယ်။ အဝေးမှုန်၊ အနီးမှုန်၊ ဆလင်ဒါပါဝါကုသမှုအတွက် ထိရောက်မှုရှိတာကြောင့် အသုံးများခဲ့တဲ့နည်းလမ်း ဖြစ်ပါတယ်။ ဤကုထုံးသည် LASIK နှင့် အလွန်ဆင်တူသော်လည်း microkeratome ဖြင့် keratectomy ပြုလုပ်ရန် မလိုအပ်ပါ။ လေဆာမပစ်မီ မျက်ကြည်လွှာအပေါ်ဆုံးအလွှာကို လက်ကိုင်ကိရိယာတစ်မျိုးဖြင့် ညင်သာစွာဖယ်ရှားမှာဖြစ်ပါတယ်။ ကုသမှုအစအဆုံး ၁၅ မိနစ်ဝန်းကျင်သာ လိုအပ်ပြီး လေဆာပစ်ချိန်သည် ၄၅ စက္ကန့်ထက် ပိုကြာမည်မဟုတ်ပါ။ မျက်ကြည်လွှာပါးသူများအတွက် ရွေးချယ်စရာကုထုံးတစ်ခုလည်း ဖြစ်ပါတယ်။

LASIK ထက် Recovery ပိုကြာပြီး ပိုးဝင်နိုင်ချေနဲ့ ကုသမှုအပြီး အလင်းဖြာထွက်ခြင်း ဖြစ်နိုင်ချေပိုမြင့်နိုင်ပါတယ်။ 

Steroid မျက်စဥ်းအား အချိန်အတိုင်းအတာတစ်ခုအထိ အသုံးပြုနေဖို့လိုအပ်နိုင်ပြီး အနီးကပ်ကြည့်ရှုစစ်ဆေးမှုလုပ်ရန် လိုအပ်ပါတယ်။

PRK ကုသမှုအဆင့်များ

  1. မျက်ကြည်လွှာရဲ့ Epithelium အလွှာကို ဖယ်ရှားရန်ပြင်ဆင်ခြင်း
  2.  Epithelium အလွှာကို ဖယ်ရှားခြင်း
  3. Excimer Laser ဖြင့် မျက်ကြည်လွှာအဝိုက်အဝန်း၊ အထူပမာဏကို လိုအပ်သလို ချိန်ညှိကုသခြင်း
  4. ကုသမှုအပြီး ရက်အနည်းငယ်အတွင်း ဖြစ်လေ့ရှိသော ယားယံခြင်းကို ကာကွယ်နိုင်ရန် မျက်ကပ်မှန်တပ်ပေးခြင်း
PRK ကုသမှုအဆင့်များ

Useful Knowledge

မျက်စိလေဆာကုသရန် သင့်တော်သူများShow More
အမြင်အာရုံကြည်လင်စေဖို့ မျက်မှန်၊ မျက်ကပ်မှန်အသုံးပြုရခြင်းကို အခက်တွေ့နေသူများ၊ နေ့စဥ်ဘဝမှာ ကြည်လင်တဲ့အမြင်အာရုံဖြင့် လွတ်လပ်ပေါ့ပါးစွာ နေလိုသူများအတွက် အထူးသင့်တော်ပါတယ်။
အမြင်အာရုံကြည်လင်စေဖို့ မျက်မှန်၊ မျက်ကပ်မှန်အသုံးပြုရခြင်းကို အခက်တွေ့နေသူများ၊ နေ့စဥ်ဘဝမှာ ကြည်လင်တဲ့အမြင်အာရုံဖြင့် လွတ်လပ်ပေါ့ပါးစွာ နေလိုသူများအတွက် အထူးသင့်တော်ပါတယ်။
အသက် (၁၈) နှစ်ပြည့်ပြီးသူများဖြစ်ရပါမယ်။ အဲ့မတိုင်မီမှာ ကြီးထွားဖွံ့ဖြိုးမှုရှိသေးတာကြောင့် မျက်မှန်ပါဝါ မငြိမ်သေးတာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် အသက် (၁၈) နှစ်ပြည့်ပြီးမှသာ မျက်စိလေဆာကုသမှုအတွက် လုပ်ဆောင်သင့်ပါတယ်။

မျက်ကြည်လွှာနှင့် ပတ်သက်သော ရောဂါများ၊ အထူးသဖြင့် Keratoconus (ပုံမှန်ထက်ရှည်ထွက်နေသော မျက်ကြည်လွှာပုံစံ) နှင့် မျက်ကြည်လွှာပါးခြင်းရှိသူများ၊ ဒဏ်ရာအနာကျက်ခြင်းကို နှောင့်နှေးစေနိုင်သောအခြေအနေရှိသူများအနေဖြင့် မျက်စိလေဆာကုသနိုင်ခြေရာခိုင်နှုန်းနည်းပါးပါတယ်။

ကိုယ်ဝန်ဆောင်များမှာ ဟော်မုန်းပြောင်းလဲမှုများနှင့် အခြားသောပြောင်းလဲမှုများကြောင့် မျက်စိလေဆာကုသမှုပြုလုပ်ရန် မသင့်တော်ပါ။
ကိုယ်ဝန်ဆောင်များမှာ ဟော်မုန်းပြောင်းလဲမှုများနှင့် အခြားသောပြောင်းလဲမှုများကြောင့် မျက်စိလေဆာကုသမှုပြုလုပ်ရန် မသင့်တော်ပါ။
အသက် (၄၀) နှင့်အထက်လူနာများသည် အဝေးပါဝါအပြည့်ဖျောက်ကုသပြီးပါက စာကြည့်မျက်မှန်လိုအပ်နိုင်ပါတယ်။ မျက်စိလေဆာကုသမှုသည် အသက်အရွယ်ကြောင့်ဖြစ်သော အမြင်အာရုံပြောင်းလဲမှုများကို ကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး။
အသက် (၄၀) နှင့်အထက်လူနာများသည် အဝေးပါဝါအပြည့်ဖျောက်ကုသပြီးပါက စာကြည့်မျက်မှန်လိုအပ်နိုင်ပါတယ်။ မျက်စိလေဆာကုသမှုသည် အသက်အရွယ်ကြောင့်ဖြစ်သော အမြင်အာရုံပြောင်းလဲမှုများကို ကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး။
မျက်စိလေဆာကုသခြင်းနှင့် ပတ်သက်သည်များကို လေ့လာသိရှိပြီး ကုသမှုအကျိုးကျေးဇူးနှင့် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများကို သေချာစွာနား‌လည်အောင် လေ့လာထားရန်လိုအပ်ပါတယ်။
မျက်စိလေဆာကုသခြင်းနှင့် ပတ်သက်သည်များကို လေ့လာသိရှိပြီး ကုသမှုအကျိုးကျေးဇူးနှင့် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများကို သေချာစွာနား‌လည်အောင် လေ့လာထားရန်လိုအပ်ပါတယ်။

Eye Examination လုပ်ဆောင်ရန် ပြင်ဆင်ခြင်းShow More
Eye Examination လုပ်ဆောင်ရန် ပြင်ဆင်ခြင်း
1
မျက်ကပ်မှန်အသုံးပြုသူများအနေဖြင့် SOFT LENSES အမျိုးအစားအတွက် (၃) ရက်အပြည့်၊ HARD LENSES အမျိုးအစားအတွက် (၇) ရက်အပြည့် ရက်ချိန်းမတိုင်မီ ကြိုတင်ရပ်ထားပေးရန် မဖြစ်မနေလိုပါတယ်။
2
စစ်ဆေးရာမှာ Pupil Dilation လို့ခေါ်တဲ့ မျက်စိသူငယ်အိမ်ကို မျက်စဥ်းခပ်ခြင်းဖြင့်ကျယ်စေပြီး စစ်ဆေးမယ့်အဆင့်လည်း ပါဝင်ပါတယ်။ သက်ရောက်မှုအနေဖြင့် အဲ့နေ့မှာ အမြင်အာရုံမှုန်ဝါးခြင်း၊ အလင်းစူးခြင်း ယာယီဖြစ်နိုင်ပါတယ်။ အပြန်မှာ မိသားစု (သို့) မိတ်ဆွေများဖြင့်ပြန်ရန် အကြံပြုပါတယ်။
3
မျက်စဥ်းခပ်ထားခြင်းကြောင့် အလင်းစူးခြင်းကို ကာကွယ်ရန် နေကာမျက်မှန်ယူဆောင်လာခဲ့ပါ။

မျက်စိလေဆာပစ်မည့်နေ့မတိုင်မီ ပြင်ဆင်ရမည့်အချက်များShow More
မျက်ကပ်မှန်တပ်သူများအနေဖြင့် ရက်ချိန်းမတိုင်မီ SOFT LENSES ဆိုရင် ၃ ရက်အပြည့်၊ HARD LENSES ဆိုရင် ၇ ရက်အပြည့် ကြိုရပ်ထားရန် အရေးကြီးပါတယ်။
မျက်ကပ်မှန်တပ်သူများအနေဖြင့် ရက်ချိန်းမတိုင်မီ SOFT LENSES ဆိုရင် ၃ ရက်အပြည့်၊ HARD LENSES ဆိုရင် ၇ ရက်အပြည့် ကြိုရပ်ထားရန် အရေးကြီးပါတယ်။
မိတ်ကပ်လိမ်းခြယ်ခြင်း၊ အထူးသဖြင့် မျက်လုံးနားတစ်ဝိုက်တွင် လိမ်းခြယ်ခြင်း မပြုလုပ်ရပါ။
မိတ်ကပ်လိမ်းခြယ်ခြင်း၊ အထူးသဖြင့် မျက်လုံးနားတစ်ဝိုက်တွင် လိမ်းခြယ်ခြင်း မပြုလုပ်ရပါ။
ရေမွှေးနှင့် အခြားသော Spray များ အသုံးပြုလာခြင်းကို ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။ ဒီအရာတွေက လေဆာစနစ်တွေအတွက် ဆိုးကျိုးသက်ရောက်စေနိုင်တာကြောင့်ပါ။
ရေမွှေးနှင့် အခြားသော Spray များ အသုံးပြုလာခြင်းကို ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။ ဒီအရာတွေက လေဆာစနစ်တွေအတွက် ဆိုးကျိုးသက်ရောက်စေနိုင်တာကြောင့်ပါ။
ချောင်ချိသက်သောင့်သက်သာဖြစ်စေသော အမျိုးအစားများသာ ဝတ်ဆင်ရန်နှင့်၊ ရက်ချိန်းမလာရောက်မီ ရေချိုး / ခေါင်းလျှော်ပြုလုပ်လာနိုင်ပါတယ်။
ချောင်ချိသက်သောင့်သက်သာဖြစ်စေသော အမျိုးအစားများသာ ဝတ်ဆင်ရန်နှင့်၊ ရက်ချိန်းမလာရောက်မီ ရေချိုး / ခေါင်းလျှော်ပြုလုပ်လာနိုင်ပါတယ်။
ကုသမည့်နေ့တွင် သူငယ်ချင်း၊ မိတ်ဆွေ (သို့) မိသားစုတစ်ဦးအတူ လိုက်ပါလာရန် အကြံပြုပါတယ်။
ကုသမည့်နေ့တွင် သူငယ်ချင်း၊ မိတ်ဆွေ (သို့) မိသားစုတစ်ဦးအတူ လိုက်ပါလာရန် အကြံပြုပါတယ်။
မျက်စိလေဆာပစ်မည့်နေ့မတိုင်မီ ပြင်ဆင်ရမည့်အချက်များ

ဆေးရုံတည်နေရာ

Laser Vision International LASIK Center

10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230

calling
ဆက်သွယ်ရန် :