Loading...

LASIK နည်းပညာ အမျိုးအစားများ

အမေရိကန်နိုင်ငံရဲ့ စံနှုန်းဖြစ်တဲ့ AACI Accreditation ရရှိထားပြီး နောက်ဆုံးပေါ် AI နှင့် စက်ကိရိယာများကို အသုံးပြုကုသပေးနေတဲ့ Smart Eye Hospital Concept နဲ့အတူ Bangkok Eye Hospital အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု၊ ကုသမှုသက်တမ်းနှစ်ပေါင်း ၂၇ အထက်ရှိပြီးဖြစ်တဲ့ သက်ဆိုင်ရာ Refractive Surgery Specialists များကိုယ်တိုင်ဦးဆောင်ကုသပေးလျက်ရှိတာကြောင့် လူနာများအနေဖြင့် အကောင်းဆုံးအမြင်အာရုံကို ဘေးကင်းစိတ်ချစွာဖြင့် ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။

No-Blade RLE

No-Blade RLE

Femto လေဆာဖြင့် RLE ကုသမှု

အသက်အရွယ်ရလာတာနဲ့အမျှ မျက်စိအမြင်အာရုံလေးက အရင်ကနဲ့မတူဘဲ ပြောင်းလဲလာတာကို သတိထားမိပါသလား။ ဒါဟာ သဘာဝတရားဖြစ်ပြီး လူတိုင်းနီးပါး ကြုံတွေ့ရတဲ့ ကိစ္စမို့ စိတ်မပူပါနဲ့။

အထူးသဖြင့်...

  • သတင်းစာ၊ တရားစာအုပ်တွေဖတ်တဲ့အခါ လက်ကိုဆန့်ပြီး ဖတ်နေရပါသလား။
  • ဖုန်းထဲက စာလေးတွေ၊ ဆေးညွှန်းစာရွက်တွေကို ကြည့်ရခက်ပြီး မျက်စိညောင်းညာနေပါသလား။
  • အနီးကြည့်မျက်မှန်ကို နေရာတကာ ဆောင်သွားရတာ၊ လိုအပ်ချိန်မှာ ရှာရတာ အလုပ်ရှုပ်နေပါသလား။

ဒီလို မျက်မှန်ကို အမြဲတမ်းအားကိုးနေရတဲ့ အခက်အခဲက နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်လာပြီဆိုရင် ခေတ်မီပြီး ထိရောက်တဲ့ ဖြေရှင်းနည်းတစ်ခု ရှိနေပါပြီ။

လွတ်လပ်ပေါ့ပါးတဲ့ အမြင်အာရုံအတွက် သက်သောင့်သက်သာအဖြစ်ဆုံး No-Blade RLE ကုထုံး

အသက်အရွယ်လာတာနဲ့အမျှ ကိုယ့်မျက်လုံးတွေဟာ အနီးအရာဝတ္ထုတွေကို အာရုံစိုက်နိုင်စွမ်း သဘာဝအတိုင်း လျော့နည်းလာတာကို ခံစားမိကြမှာပါ။ ဒါကို ဆေးပညာအရ Presbyopia (အသက်အရွယ်ကြောင့် အနီးမှုန်ခြင်း) လို့ခေါ်ပါတယ်။

 

နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ဒီပြဿနာအတွက် အဖြေတွေကတော့ အနီးကြည့်မျက်မှန် ဒါမှမဟုတ် နှစ်ထပ်တပ်ရတဲ့မျက်မှန် (Bifocals) တွေပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းသစ်တစ်ခု ရှိနေပါပြီ။


မျက်လုံးအတွင်းမှာရှိနေတဲ့ သဘာဝကပေးထားတဲ့
Crystalline Lens ကို ဖယ်ရှားကာ မျက်လုံးအတွင်းမှာ ဘေးကင်းစွာထည့်ထားနိုင်မယ့် အထူးပြုလုပ်ထားတဲ့ မှန်ဘီလူးအသစ် (Artificial Lens) ကို လဲထည့်ပေးတဲ့ကုထုံးဖြစ်ပါတယ်။ ကုသမှုအပြီးမှာ နုပျိုစဉ်ကလို ကြည်လင်တောက်ပပြီး ပြတ်သားတဲ့ အမြင်အာရုံကို ပြန်လည်ရရှိနိုင်မှာပါ။ ဒါ့အပြင် နောက်ဆုံးပေါ်ကုထုံးဖြစ်တဲ့ ကုသရာမှာ ဓားသွားသုံးစရာမလိုတော့မယ့် No-Blade RLE (Refractive Lens Exchange) နည်းပညာကြောင့် နာကျင်မှုမရှိဘဲ Recovery အချိန်ကိုလည်း မြန်ဆန်စေလို့ သက်သောင့်သက်သာဖြစ်တဲ့ ကုသမှုအတွေ့အကြုံကို ခံစားရစေမှာလည်းဖြစ်ပါတယ်။

လွတ်လပ်ပေါ့ပါးတဲ့ အမြင်အာရုံအတွက် သက်သောင့်သက်သာအဖြစ်ဆုံး No-Blade RLE ကုထုံး

No-Blade RLE ကုထုံးရဲ့ အကျိုးကျေးဇူးများ

ယခင်ခွဲစိတ်ကုသမှုပုံစံများကဲ့သို့ ခွဲစိတ်ဓားကို အသုံးမပြုဘဲ၊ အရေးအကြီးဆုံးနှင့် အနုစိတ်ဆုံးသော အဆင့်များကို ‘Femtosecond Laser’ နည်းပညာဖြင့်သာ လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူးများကို အခိုင်အမာ ရရှိစေမှာပါ။

 

ကုသရာမှာ အသေးစိတ်တိကျစေမှု
Femto လေဆာနည်းပညာက ခွဲစိတ်ဓားဖြင့် ကုသခြင်းထက် အဆပေါင်းများစွာ တိကျစေမှာဖြစ်ပါတယ်။ ဒါက ပိုမိုကောင်းမွန်သောရလဒ်ကို ပေးစွမ်းနိုင်ပြီး ဘေးကင်းစိတ်ချရမှုကို လည်း အလွန်မြင့်မားစေပါတယ်။

 

ပိုမိုညင်သာသော ကုသမှုအတွေ့အကြုံ
ကုသမှုက အချိန်တိုအတွင်းပြီးစီးမှာဖြစ်ပြီး ထိခိုက်မှုကိုလည်း နည်းစေပါတယ်။ နာကျင်မှုလည်း လုံးဝနီးပါးမရှိတဲ့အပြင် လူနာအများစုမှာ အလွန်လျင်မြန်စွာ ပြန်လည်သက်သာကောင်းမွန်လာတာကို တွေ့ရပါတယ်။

 

မျက်မှန်တပ်စရာ မလိုတော့ခြင်း
အနီး၊ အဝေး နှင့် ကြားအကွာအဝေးအားလုံးတွင် ကြည်လင်ပြတ်သားသော အမြင်အာရုံကို ခံစားရစေပါတယ်။

 

အတွင်းတိမ် မဖြစ်နိုင်တော့ခြင်း
မျက်လုံး၏ သဘာဝမှန်ဘီလူးကို အစားထိုးလဲလှယ်လိုက်တဲ့အတွက် အနာဂတ်မှာ အတွင်းတိမ်ဖြစ်ပွားလာနိုင်ခြေကို လုံးဝဖယ်ရှားပြီးသား ဖြစ်သွားမှာပါ။ ဒါဟာ အမြင်အာရုံအတွက် တစ်သက်တာ အာမခံချက်တစ်ခု ရလိုက်သလိုပါပဲ။

 

No-Blade RLE ကုထုံးရဲ့ အကျိုးကျေးဇူးများ

No-Blade RLE ကုထုံးအတွက် အထူးသင့်လျော်သူများ

ကုထုံးက ကိုယ့်အတွက် အကောင်းဆုံးရွေးချယ်မှု ဟုတ်၊ မဟုတ် ဆန်းစစ်နိုင်ဖို့ အောက်ပါအချက်တွေကို လေ့လာကြည့်နိုင်ပါတယ်။

 

၁။ အသက် ၄၀ ကျော်အရွယ်နှင့် အနီးမှုန်ခြင်းအခက်အခဲကို နေ့စဉ်ကြုံတွေ့နေရသူများ

ကိုယ်က အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး အနီးကြည့်မျက်မှန်၊ နှစ်ထပ်မျက်မှန် (bifocals) ဒါမှမဟုတ် သုံးထပ်မျက်မှန် (progressive lenses) တို့ကို အသုံးပြုပြီး အနီးအရာဝတ္ထုတွေကို ကြည့်ရှုနေရတဲ့ Presbyopia (အသက်အရွယ်ကြောင့် အနီးမှုန်ခြင်း) ရဲ့ နေ့စဉ်အခက်အခဲတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသူများအတွက် သင့်တော်နိုင်ပါတယ်။

 

၂။ အဝေးမှုန်၊ အနီးမှုန် ဒီဂရီများအတွက် မြန်ဆန်ထိရောက်တဲ့ကုထုံးကို ရှာဖွေနေသူများ

ကိုယ့်မှာ အသင့်အတင့်ကနေ ဒီဂရီများပြားတဲ့ အဝေးမှုန် (myopia) ဒါမှမဟုတ် အနီးမှုန် (hyperopia)astigmatism (စလင်ဒါ) ရှိတာဖြစ်စေ၊ မရှိတာဖြစ်စေ တည်ငြိမ်တဲ့ ဒီဂရီတစ်ခုရှိပြီး မျက်မှန်နဲ့ မျက်ကပ်မှန်တို့အစား ရေရှည်အတွက် အဖြေတစ်ခုကို ရှာဖွေနေသူများအတွက်လည်း သင့်တော်ပါတယ်။

 

၃။ LASIK ကုထုံးအတွက် အဆင်မပြေဟု အကြံပြုခံထားရသူများ

ကိုယ်က မျက်ကြည်လွှာပါးလွှာတာ ဒါမှမဟုတ် နာတာရှည် မျက်လုံးခြောက်သွေ့တာလို အကြောင်းအရင်းတွေကြောင့် LASIK လို လေဆာနဲ့မျက်စိကုသမှုအတွက် မသင့်တော်သူလို့ အကြံပြုခံထားရဖူးသူဆိုပါကလည်း RLE နည်းလမ်းကို ထည့်သွင်းစဥ်းစားနိုင်ပါတယ်။

 

၄။ အတွင်းတိမ် စတင်ဖြစ်ပေါ်နေတဲ့ လက္ခဏာများ ပြသနေသူများ

ကိုယ့်မှာ အတွင်းတိမ် စတင်ဖြစ်ပေါ်နေပြီး RLE ကုထုံးက အမြင်အာရုံကို ပြုပြင်ပေးတဲ့အပြင် တိမ်ဖြစ်နေတဲ့ မှန်ဘီလူးကိုပါ တစ်ခါတည်း လဲလှယ်ပေးတဲ့အတွက် အကျိုးကျေးဇူး (၂) မျိုးကို Procedure တစ်ခုတည်းကနေ ရရှိစေပါတယ်။ ဆိုလိုတာကတော့ အနာဂတ်မှာ အတွင်းတိမ်အတွက် သီးသန့်ခွဲစိတ်ကုသမှု ခံယူဖို့မလိုအပ်တော့ပါဘူး။

 

၅။ အခြားသောမျက်စိရောဂါ ကင်းစင်သူများ

ကိုယ်က ခွဲစိတ်ကုသမှုရလဒ်ကို ထိခိုက်စေနိုင်တဲ့ ရေတိမ်အကြီးစား (advanced glaucoma)၊ ဆီးချိုကြောင့်ဖြစ်တဲ့ မျက်စိအာရုံကြောထိခိုက်ခြင်း (diabetic retinopathy) ဒါမှမဟုတ် အမြင်လွှာယိုယွင်းပျက်စီးခြင်း (macular degeneration) လို ပြင်းထန်တဲ့ မျက်စိရောဂါတွေကနေ ကင်းစင်သူဖြစ်ရပါမယ်။ 

No-Blade RLE ကုထုံးအတွက် အထူးသင့်လျော်သူများ

RLE အတွက် စမ်းသပ်စစ်ဆေးမှု အဆင့်ဆင့်

၁။ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခြင်း

ဒီအဆင့်ကတော့ ကိုယ်က အမြင်အာရုံကို ဘယ်လိုဖြစ်ချင်တယ်၊ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေက ဘယ်လိုရှိတယ်ဆိုတာကို အသေးစိတ်ဆွေးနွေးတိုင်ပင်ရမှာ ဖြစ်ပါတယ်။ RLE ကုထုံးတစ်ခုလုံးအကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း သိရှိသွားအောင် ရှင်းပြပေးမှာပါ။

 

၂။ စစ်ဆေးမှုအတွက် ကြိုတင်ပြင်ဆင်ခြင်း

စစ်ဆေးမှုမပြုလုပ်ခင် မျက်ကပ်မှန်တပ်ဆင်တာကို Soft Lens အတွက် (၃) ရက်၊ Hard Lens အတွက် (၇) ရက် အပြည့်ရပ်ထားဖို့ လိုအပ်ပါတယ်။ ဒါမှ ကိုယ့်ရဲ့မျက်ကြည်လွှာက သူ့ရဲ့ ပုံမှန်သဘာဝအတိုင်း ပြန်ဖြစ်နေပြီး အတိကျဆုံး တိုင်းတာမှုတွေ ရရှိမှာ ဖြစ်ပါတယ်။

 

၃။ အသေးစိတ် စမ်းသပ်စစ်ဆေးခြင်း

ခေတ်မီအဆင့်မြင့် စက်ကိရိယာတွေနဲ့ နာကျင်မှုလုံးဝမရှိတဲ့ စစ်ဆေးမှုတွေကို ပြုလုပ်မှာပါ။ ဒီစစ်ဆေးမှုတွေက ကိုယ့်ရဲ့မျက်ကြည်လွှာကို တိကျစွာပုံဖော်တိုင်းတာတာ၊ မျက်လုံးထဲထည့်မယ့် မှန်ဘီလူးအတွက် တွက်ချက်တာ၊ ပြီးတော့ မျက်လုံးတစ်ခုလုံးရဲ့ ကျန်းမာရေးကို သေချာစစ်ဆေးတာတွေ လုပ်ဆောင်ပေးပါတယ်။

 

၄။ ကုသမှုအစီအစဉ်ဆွဲခြင်းနှင့် မှန်ဘီလူးရွေးချယ်ခြင်း

နောက်ဆုံးအဆင့်အနေနဲ့ ခွဲစိတ်ဆရာဝန်ကနေ စစ်ဆေးမှုအဖြေအားလုံးကို ပြန်လည်သုံးသပ်မှာပါ။ ဒီကုထုံးက ကိုယ့်အတွက် သင့်တော်၊ မတော် အတည်ပြုတာ၊ ကိုယ့်ရဲ့ နေထိုင်မှုပုံစံနဲ့ အကိုက်ညီဆုံးဖြစ်မယ့် မျက်လုံးအတွင်းထည့်မှန်ဘီလူး (IOL) ကို ရွေးချယ်တာ၊ ပြီးတော့ ကုသမှုအစီအစဉ်ကို အပြီးသတ်ရေးဆွဲတာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

RLE အတွက် စမ်းသပ်စစ်ဆေးမှု အဆင့်ဆင့်

RLE ကုထုံး ပြုလုပ်ပုံ အဆင့်ဆင့်

ဒီကုထုံးက ဆေးရုံတက်စရာမလိုဘဲ အချိန်တိုအတွင်း ပြီးစီးတဲ့ကုထုံးတစ်ခု ဖြစ်ပါတယ်။ မျက်လုံးတစ်ဖက်ကို (၁၅) မိနစ်ကနေ မိနစ် (၂၀) လောက်ပဲ ကြာမြင့်မှာပါ။ တိကျမှုနဲ့ ဘေးကင်းစိတ်ချရမှုကို မြှင့်တင်ပေးထားတဲ့ အဆင့်မြင့်လေဆာနည်းပညာကို အသုံးပြုပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။

 

၁။ ကုသရန် ပြင်ဆင်ခြင်း

ပထမဦးစွာ ကိုယ့်မျက်လုံးကို ထုံဆေးမျက်စဉ်းနဲ့ ထုံစေမှာပါ။ စိတ်ကိုသက်သောင့်သက်သာဖြစ်စေဖို့ ဆေးအပျော့စားလေး ပေးတာမျိုးလည်း ရှိနိုင်ပါတယ်။ ကုသမှုပြုလုပ်နေချိန်မှာ ကိုယ်က နိုးနေမှာဖြစ်ပေမယ့် ဘာနာကျင်မှုကိုမှ ခံစားရမှာ မဟုတ်ပါဘူး။

 

၂။ Femto လေဆာဖြင့် အပေါက်ငယ်ပြုလုပ်ခြင်း

ဆရာဝန်က ကိုယ့်မျက်လုံးရဲ့ 3D ပုံရိပ်ကို အခြေခံပြီး တိကျမှုအလွန်မြင့်တဲ့ Femtosecond Laser ကိုသုံးကာ မျက်ကြည်လွှာမှာ အလွန်သေးငယ်တဲ့ အပေါက်လေးတွေကို ဖောက်ပေးမှာပါ။ ဒီလိုလေဆာနဲ့လုပ်တဲ့အဆင့်က ပုံမှန် Procedure ထက်အဆပေါင်းများစွာ ပိုတိကျစိတ်ချရပါတယ်။

 

၃။ လေဆာဖြင့် Lens Capsule ကို ဖွင့်ပေးခြင်း

အဲ့ဒီလေဆာကိုပဲသုံးပြီး ကိုယ့်ရဲ့သဘာဝမှန်ဘီလူးကို ထိန်းထားတဲ့ Capsule လေးမှာ ဝိုင်းစက်ပြီး ညီညာတဲ့အပေါက်ငယ်လေးတစ်ခုကို ဖန်တီးပေးပါတယ်။ ဒီ Opening လေး ညီညာတိကျဖို့က မှန်ဘီလူးအသစ်ကို တည်ငြိမ်ပြီး အလယ်တည့်တည့်မှာ နေရာချနိုင်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။

 

၄။ မှန်ဘီလူးအဟောင်းကို ဖြိုခွဲဖယ်ရှားခြင်း

လေဆာက သဘာဝမှန်ဘီလူးအဟောင်းကို နူးညံ့စွာနဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေဖြစ်အောင် ဖြိုခွဲပေးပါတယ်။ ပြီးရင်တော့ အဲ့ဒီအမှုန်အမွှားတွေကို အပေါက်ငယ်လေးကနေတဆင့် ညင်သာစွာ စုပ်ထုတ်ဖယ်ရှားလိုက်ပါတယ်။

 

၅။ မှန်ဘီလူးအသစ် ထည့်သွင်းခြင်း

ကိုယ့်အတွက် သီးသန့်ရွေးချယ်ထားတဲ့ မှန်ဘီလူးအသစ် (IOL) ကို ခေါက်ပြီးတော့ အဲ့ဒီအပေါက်ငယ်လေးကနေပဲ ထည့်သွင်းလိုက်ပါတယ်။ မျက်လုံးအတွင်းရောက်မှ မှန်ဘီလူးကို ဂရုတစိုက်ပြန်ဖြန့်ပြီး Capsule ထဲမှာ နေရာတကျဖြစ်အောင် နေရာချပေးပါတယ်။

 

၆။ နောက်ဆုံးအဆင့် လုပ်ဆောင်ခြင်း

အဲ့ဒီအပေါက်ငယ်လေးတွေက ချုပ်ရိုးမလိုဘဲ အလိုအလျောက်ပြန်ပိတ်သွားမှာပါ။ အားလုံးပြီးတဲ့အခါ မျက်လုံးကို ကာကွယ်ထားဖို့ Eye Shield တပ်ပေးလိုက်မှာဖြစ်ပါတယ်။ ကုသမှုအပြီး ခဏတာစောင့်ကြည့်ပြီးတာနဲ့ (ယုံကြည်စိတ်ချရတဲ့ ကားမောင်းပို့ပေးမယ့်သူနဲ့အတူ) အိမ်ပြန်လို့ရပါပြီ။

 

 

RLE ကုထုံး ပြုလုပ်ပုံ အဆင့်ဆင့်

RLE ကုသမှုအပြီး လိုက်နာစရာများ

ပထမဆုံး (၂၄) နာရီ

ကုသမှုပြီးတာနဲ့ ချက်ချင်းအိမ်ပြန်ပြီး ကောင်းကောင်းအနားယူပါ။ ဆေးရုံကပေးလိုက်တဲ့ မျက်လုံးအကာအကွယ်ကိုလည်း သေချာတပ်ထားဖို့လိုပါတယ်။

 

ပထမ တစ်ပတ်

➡️ပေးထားတဲ့ မျက်စဉ်းဆေးအားလုံးကို အချိန်မှန်မှန် သေချာခတ်ပေးပါ။

➡️မျက်လုံးကို လုံးဝ (လုံးဝ) မပွတ်မိအောင် သတိထားပါ။

➡️ရေချိုး၊ မျက်နှာသစ်တဲ့အခါ မျက်လုံးထဲ ရေမဝင်အောင် အထူးဂရုစိုက်ပါ။

➡️အားစိုက်ရတဲ့အလုပ်တွေ၊ အပြေးအလွှားသွားလာတာမျိုးတွေကိုလည်း ရှောင်ကြဉ်ဖို့ အရေးကြီးပါတယ်။

 

ပထမ တစ်လ

➡️ကိုယ့်အမြင်အာရုံက တဖြည်းဖြည်း ပိုကောင်းပြီး တည်ငြိမ်လာမှာဖြစ်လို့ ဆရာဝန်နဲ့ ပြန်ပြရမယ့် ရက်ချိန်းတွေကို မပျက်မကွက် သွားပေးပါ။

➡️လေ့ကျင့်ခန်းလုပ်တာ၊ ရေကူးတာလိုမျိုးတွေကိုတော့ ဆရာဝန်က “ပြန်လုပ်လို့ရပြီ” လို့ ခွင့်ပြုချက်ပေးမှပဲ တဖြည်းဖြည်း ပြန်စဖို့ အကြံပြုပါတယ်။

RLE ကုသမှုအပြီး လိုက်နာစရာများ

ဆေးရုံတည်နေရာ

Laser Vision International LASIK Center

10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230

calling
ဆက်သွယ်ရန် :