အမေရိကန်နိုင်ငံရဲ့ စံနှုန်းဖြစ်တဲ့ AACI Accreditation ရရှိထားပြီး နောက်ဆုံးပေါ် AI နှင့် စက်ကိရိယာများကို အသုံးပြုကုသပေးနေတဲ့ Smart Eye Hospital Concept နဲ့အတူ Bangkok Eye Hospital အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု၊ ကုသမှုသက်တမ်းနှစ်ပေါင်း ၂၇ အထက်ရှိပြီးဖြစ်တဲ့ သက်ဆိုင်ရာ Refractive Surgery Specialists များကိုယ်တိုင်ဦးဆောင်ကုသပေးလျက်ရှိတာကြောင့် လူနာများအနေဖြင့် အကောင်းဆုံးအမြင်အာရုံကို ဘေးကင်းစိတ်ချစွာဖြင့် ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။
Nanojoules Laser ဖြင့် အနီး၊ အဝေး ချိန်ညှိကုသခြင်းအမျိုးအစားဖြစ်ပါတယ်။ မျက်လုံးတစ်ဖက် (ပိုမိုအားကောင်းသောအခြမ်း) ကို အဝေးမြင်နိုင်ရန်အတွက် အပြည့်ကုသပြီး အခြားတစ်ဖက်ကို အနီးမြင်နိုင်ရန်ကုသမှာဖြစ်ပါတယ်။ မျက်လုံးတစ်ဖက်မှာ အဝေးပါဝါကို အနည်းငယ်ချန်ပေးပြီး အနီးကြည့်အတွက်မျက်မှန်မလိုဘဲ ကောင်းစွာမြင်စေမှာဖြစ်ပါတယ်။ ဤနည်းအားဖြင့် စာဖတ်ခြင်းကဲ့သို့ အနီးကြည့်ရတဲ့အလုပ်များအတွက် စာကြည့်မျက်မှန်အပေါ် မှီခိုစရာမလိုအောင် ကုသနိုင်ပါတယ်။ NV LASIK မှာ အဝေးကြည့်အတွက် ကြည်လင်ပြတ်သားမှုအနည်းငယ်ကို စွန့်လွှတ်ရမှာဖြစ်ပါတယ်။ ကားမောင်းတဲ့အခါ မျက်မှန်အပါးတစ်လက် ဆောင်ထားခြင်းက အထောက်အထူပြုဖြစ်မှာပါ။ စာဖတ်ရမှာ အခက်ပြန်ကြုံလာရတဲ့အခါမှာတော့ မျက်မှန်အသစ်တစ်စုံ ဆောထားဖို့လိုကောင်းလိုနိုင်ပါတယ်။ Nano NV LASIK ဟာ OCT Scan အသုံးပြုတာကြောင့် Precision ပိုမြင့်ပါတယ်။ ဒါ့အပြင် Nanojoules powered femtosecond laser ကို အသုံးပြုတာကြောင့် မျက်ကြည်လွှာတစ်ရှုးကို Preserve ပြုလုပ်နိုင်မယ့်အပြင် ကုသမှုအပိုင်းမှာ ပိုသေသပ်ပြီး Inflammation လည်း ပိုနည်းမှာဖြစ်ပါတယ်။
10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230