အမေရိကန်နိုင်ငံရဲ့ စံနှုန်းဖြစ်တဲ့ AACI Accreditation ရရှိထားပြီး နောက်ဆုံးပေါ် AI နှင့် စက်ကိရိယာများကို အသုံးပြုကုသပေးနေတဲ့ Smart Eye Hospital Concept နဲ့အတူ Bangkok Eye Hospital အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု၊ ကုသမှုသက်တမ်းနှစ်ပေါင်း ၂၇ အထက်ရှိပြီးဖြစ်တဲ့ သက်ဆိုင်ရာ Refractive Surgery Specialists များကိုယ်တိုင်ဦးဆောင်ကုသပေးလျက်ရှိတာကြောင့် လူနာများအနေဖြင့် အကောင်းဆုံးအမြင်အာရုံကို ဘေးကင်းစိတ်ချစွာဖြင့် ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။
LASIK ကုသမှုသမိုင်းရဲ့ အစောပိုင်းခုနှစ်တွေမှာ အသုံးပြုခဲ့သော Standard Surgery အမျိုးအစားဖြစ်ပါတယ်။ ကုသရာမှာ 100 - 120 မိုက်ကရွန်အထူရှိသော မျက်ကြည်လွှာကိုလှန်ရန် Microkeratome ကိရိယာကို အသုံးပြုမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်မှာ အမြင်အာရုံပြဿနာဖြစ်စေသော အလင်းယိုင်ခြင်းကို ကုသဖို့ မျက်ကြည်လွှာအဝိုက်အဝန်း၊ ပုံသဏ္ဍာန်ကို Excimer Laser ဖြင့် ပြုပြင်မှာဖြစ်ပါတယ်။
10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230