မျက်လုံး ကျန်းမာရေး : #Femtosecond laser LASIK

Sort

SMILE Pro™ 2.0 at Laser Vision International LASIK Center

SMILE Pro™ 2.0 ဆိုတာ ဘာလဲ? LASIK လုပ်ဖို့ ဆုံးဖြတ်ချက်ချရတာ လူတော်တော်များများအတွက် ကိစ္စကြီးတစ်ခုပါ။ မျက်လုံးပြန်ကောင်းချင်ရုံ သက်သက်မဟုတ်ဘဲ ဘေးကင်းမှု၊ နာကျင်မှုနဲ့ ရေရှည်ရလဒ်တွေကိုပါ ထည့်သွင်းစဉ်းစားရတာကိုး။ ဒီနှစ်ပိုင်းတွေမှာ "ဓားမသုံးတဲ့ လေဆာမျက်စိခွဲစိတ်မှု 2026" (Blade-free LASIK) ဆိုတဲ့ စကားလုံးကို ရှာဖွေမှုများလာသလို၊ ဒီနာမည်နဲ့ တွဲပြီး လူပြောအများဆုံးကတော့ SMILE Pro™ ပဲ ဖြစ်ပါတယ်။ 2026 မှာ စိတ်ဝင်စားမှုအများဆုံးဖြစ်လာနိုင်တဲ့ Ultimate Advanced-LASIK Solution  2026 ခုနှစ်မှာ ဒီနည်းပညာက SMILE Pro™ 2.0 ဆိုပြီး နောက်တစ်ဆင့် ထပ်မံတိုးတက်လာပါပြီ။ AI စနစ်သုံး LASIK (AI-driven LASIK planning) ကြောင့် တိကျမှု (Accuracy) ပိုမြင့်မားပြီး အမှားအယွင်းနည်းစေဖို့ ဒီဇိုင်းထုတ်ထားသလို၊ အမြင်အာရုံရလဒ်ကိုလည်း ပိုပြီး သဘာဝကျစေပါတယ်။ ဒီဆောင်းပါးမှာ Laser Vision ကနေ ဘာကြောင့် SMILE Pro™ နည်းပညာကို ရွေးချယ်ပြီး လူနာတွေရဲ့ အမြင်အာရုံပြဿနာတွေကို ဖြေရှင်းပေးနေသလဲဆိုတာကို အသေးစိတ် ရှင်းပြပေးသွားမှာပါ။ SMILE Pro™ ဆိုတာ ဘာလဲ အရင်လေ့လာလိုက်ကြရအောင်။ SMILE Pro™ ဆိုတာ ဓားလုံးဝမသုံးဘဲ လေဆာနဲ့ပဲ ပြုလုပ်တဲ့နည်းလမ်း ဖြစ်ပါတယ်။ Traditional LASIK နည်းလမ်းတွေလို Cornea (မျက်ကြည်လွှာ) လှန်စရာ၊ မျက်ကြည်လွှာအပေါ်ယံလွှာကို ဖယ်ရှားစရာ မလိုပါဘူး။ VisuMax 800 LASIK စက်ကိုသုံးပြီး ဝါရင့် LASIK Surgeon ကြီးတွေကနေ မျက်ကြည်လွှာအလွှာကြားထဲမှာ Lenticule လို့ခေါ်တဲ့ အလွှာပါးလေး ဖန်တီးပြီးတော့ 2 - 4 မီလီမီတာလောက်ပဲရှိတဲ့ အပေါက်ငယ်လေးကနေတဆင့် ထုတ်ယူလိုက်တာပါ။ ဒဏ်ရာအရမ်းသေးတဲ့အတွက် မျက်ကြည်လွှာဖွဲ့စည်းပုံကို ထိခိုက်မှုနည်းပါတယ်။ ဒါကြောင့် သက်သာတာမြန်ပြီး ပုံမှန် Flap Creation လုပ်တဲ့ LASIK တွေထက် မျက်စိခွဲစိတ်ပြီးနောက် မျက်လုံးခြောက်ခြင်း (Dry Eye) ဖြစ်နိုင်ချေ ပိုနည်းပါတယ်။ Laser Vision ရဲ့ ဝါရင့် Surgeon ကြီးတွေကနေ လူနာရဲ့ သင့်တော်မှုအလိုက် ရွေးချယ်ပေးလေ့ ရှိပါတယ်။  ဘာကြောင့် လူအများစုက SMILE Pro™ ကို ရွေးချယ်ကြတာလဲ? SMILE Pro™လူကြိုက်များရတဲ့ အဓိကအကြောင်းရင်းကတော့ မလုပ်ခင်ကတည်းက စိတ်အေးရလို့ပါ။ ဓားမသုံးတာရယ်၊ မျက်ကြည်လွှာမလှန်ရတာရယ်ကြောင့် ပိုနာမည်ကြီးပါတယ်။ ပြီးတော့ သုံးတဲ့စက် (VisuMax 800) ကလည်း လူကို စိတ်ကျဉ်းကျပ်ပူပန်စေတဲ့ခံစားမှုမဖြစ်စေဘဲ ပွင့်လင်းတဲ့ပုံစံရှိလို့ အခန်းကျဉ်းကြောက်တတ်သူတွေ (Claustrophobia ရှိသူတွေ) အတွက် အဆင်ပြေပါတယ်။ ဒါ့အပြင် ခေတ်လူငယ်တွေရဲ့ Lifestyle နဲ့ကိုက်ညီတဲ့ အချက်တွေကတော့ Laser ပစ်တဲ့အချိန်က တစ်ဖက်ကို ၈ စက္ကန့်ပဲ ကြာပါတယ် (ကြောက်တတ်တဲ့သူတွေအတွက် အဆင်ပြေဆုံးပါပဲ)။ ဒဏ်ရာ သေးငယ်လို့ ရေရှည်မှာ မျက်ကြည်လွှာ ပိုကြံ့ခိုင်စေတယ်။ Dry Eye ဖြစ်နိုင်ချေကို လျှော့ချပေးလို့ နာကျင်မှုမရှိသော မျက်စိလေဆာကုသမှု ကို ခံစားရမှာပါ။ လုပ်ပြီးတာနဲ့ ပုံမှန် နေ့စဉ်ဘဝကို မြန်မြန်ဆန်ဆန် ပြန်သွားနိုင်ပါတယ်။ ဒါဆို SMILE Pro™ 2.0 က တိကျမှုကို ဘယ်လို ပိုကောင်းစေတာလဲ? SMILE Pro™ 2.0 ရဲ့ အဓိကအားသာချက်ကတော့ အဆင့်တိုင်းကို ချိတ်ဆက်ထားတဲ့ စနစ်ကြောင့် Human Error မရှိသလောက်နည်းပြီး ကုသမှုရလဒ်ကို သိသိသာသာ ပိုတိကျစေတာပါ။ 1. Seamless Data Transfer မျက်လုံးစစ်ဆေးထားတဲ့ အချက်အလက် (Data) တွေကို ZEISS စနစ်ကနေတဆင့် Laser စက်ဆီကို တိုက်ရိုက်ပို့လိုက်တာကြောင့် လူက ပြန်ရိုက်ထည့်စရာ မလိုတော့ပါဘူး။ Data မှားရိုက်မိနိုင်တာမျိုး မရှိတော့ပါဘူး။  ကုသမှုအစီအစဉ်က တကယ့် မျက်လုံးပါဝါနဲ့ ထပ်တူကျစေတယ်။ ကုသမှုရလဒ်တိုင်း (Case တိုင်း) မှာ စံချိန်မီ ဖြစ်စေပါတယ်။ 2. ကမ္ဘာ့အဆင့်မီ Data တွေနဲ့ ကုသမှုအစီအစဉ် ရေးဆွဲခြင်း (Integrated Planning) လူနာရဲ့ မျက်လုံး Data ကို ကမ္ဘာတစ်ဝှမ်းက Big Data တွေနဲ့ ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင် တွက်ချက်ပါတယ်။ လူနာတစ်ယောက်ချင်းစီအတွက် သီးသန့်ကုသမှု (Personalized Treatment) ကို စီစဉ်ပေးနိုင်တယ်။ ရှုပ်ထွေးတဲ့ Astigmatism (မျက်စိဆလင်ဒါ ပါဝါသမားများ) အတွက် ပိုတိကျတယ်။ လုပ်ပြီးနောက် ရလဒ်ကို ပိုငြိမ်ပြီး ကြည်လင်ပြတ်သားစေတယ်။ 3. ကုသနေစဉ် တိကျမှုကို မြှင့်တင်ပေးသော စနစ်များ (Precision Systems) SMILE Pro™ 2.0 မှာ Laser ပစ်နေချိန် တိကျမှုကို ထိန်းချုပ်ပေးတဲ့ Smart System တွေ ပါဝင်ပါတယ်။ CentraLign®: သူငယ်အိမ် (Pupil) အလယ်တည့်တည့်ကို ချိန်တာထက်၊ တကယ့် အမြင်အာရုံ စုစည်းတဲ့နေရာ (Visual Axis) ကို ရှာပြီး တိကျစွာ ချိန်ညှိပေးပါတယ်။ OcuLign®: ကုသနေချိန် မျက်လုံး အနည်းငယ် လည်သွားတာမျိုး (Cyclotorsion) ဖြစ်ခဲ့ရင်တောင် Laser က အလိုအလျောက် လိုက်ညှိပေးလို့ နေရာလွဲသွားတာမျိုး မဖြစ်စေပါဘူး။ Photo courtesy of Carl Zeiss Co., Ltd SMILE Pro™ 2.0 နှင့် ReLEx SMILE ကွာခြားချက် နည်းပညာ စတင်သောနှစ် Laser စက် အဓိက အားသာချက် ReLEx SMILE 2011 VisuMax 500 No-Blade LASIK ၏ အစ။ အနာ 2-3mm သာရှိ။ Flap မလှန်။ တစ်ဖက်လျှင် ၂၃ စက္ကန့်ဝန်းကျင်ကြာ။ SMILE Pro™ 2021 VisuMax 800 မြန်နှုန်းမြင့် 2 MHz Laser၊ တစ်ဖက်လျှင် ၈ စက္ကန့်သာကြာ။ အလိုအလျောက် ချိန်ညှိစနစ်ပါသည်။ SMILE Pro™ 2.0 2025 VisuMax 800 Digital စနစ်အပြည့်။ Cloud + Big Data ချိတ်ဆက်ထား။ CentraLign® နဲ့ OcuLign® ကြောင့် အတိကျဆုံးဖြစ်။ SMILE Pro™ 2.0 ဟာ မြန်ဆန်မှု၊ တิကျမှုနဲ့ AI-driven planning (AI စနစ်သုံး ကုသမှုပုံစံ) တို့ကို ပေါင်းစပ်ထားတဲ့ အဆင့်မြင့် LASIK နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့် Laser Vision at Bangkok Eye Hospital ကို ရွေးချယ်သင့်တာလဲ? နည်းပညာကောင်းရုံမက ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုနဲ့ ဆေးရုံစံချိန်စံညွှန်းကလည်း အရေးကြီးပါတယ်။ Laser Vision at Bangkok Eye Hospital Myanmar မှာဆိုရင် မျက်လုံးပေါင်း ၁ သိန်းကျော်ကို ကုသပေးခဲ့တဲ့ အတွေ့အကြုံရှိပြီး၊ ဆရာဝန်ကြီးများကလည်း သက်တမ်း ၂၈ နှစ်အထက် အတွေ့အကြုံရှိသူများ ပါဝင်ပါတယ်။ ဒါ့အပြင် ဆေးရုံဟာ အမေရိကန်နိုင်ငံရဲ့ AACI အသိအမှတ်ပြု လက်မှတ်ရထားပြီး နိုင်ငံတကာအဆင့်မီ ဘေးကင်းမှုနဲ့ အရည်အသွေး ရှိပါတယ်။ ဆေးဘက်ဆိုင်ရာ အတွေ့အကြုံရင့်ကျက်မှုနဲ့ SMILE Pro™ 2.0 နည်းပညာ ပေါင်းစပ်လိုက်တဲ့အခါ မြင်ကွင်းရှင်းလင်းရုံသာမက ဘေးကင်းပြီး ရေရှည်စိတ်ချရတဲ့ ရလဒ်ကိုပါ လူနာတွေ ရရှိနိုင်မှာပါ။ Q : SMILE Pro™ 2.0 က ဘယ်သူတွေနဲ့ သင့်တော်လဲ? A : အဝေးမှုန် (Myopia) သို့မဟုတ် ဆလင်ဒါပါဝါ (Astigmatism) ရှိပြီး၊ Recovery မြန်ဆန်တဲ့ နည်းလမ်းကို လိုချင်သူတွေနဲ့ သင့်တော်ပါတယ်။ Q : SMILE Pro™ 2.0 လုပ်ရတာ နာလား? A : လုပ်နေစဉ်မှာ ထုံဆေးခတ်ထားလို့ မနာပါဘူး။ လူနာအများစုက ဖိထားသလိုမျိုး အနည်းငယ်ပဲ ခံစားရပြီး အချိန်လည်း ခဏလေးပဲ ကြာပါတယ်။ Q : LASIK ခွဲစိတ်ချိန် ဘယ်လောက်ကြာလဲ? A : Laser ပစ်ချိန်က တစ်ဖက်ကို ၈ စက္ကန့်ပဲ ကြာပြီး၊ ၁ - ၂ ရက်အတွင်း ပုံမှန် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြန်လုပ်နိုင်ပါပြီ။ SMILE Pro™ 2.0 ဗီဒီယိုကို ကြည့်ရှုရန်             *ဗီဒီယို မပေါ်ပါက ဒီနေရာကို နှိပ်ပါ 2026 အတွက် အကောင်းဆုံး Flapless, Blade-free LASIK ကို ရှာနေတယ်ဆိုရင်... Corneal & Refractive Surgery Specialist တွေနဲ့ သေချာပြသပြီး စစ်ဆေးကြည့်တာက SMILE Pro™ 2.0 နဲ့ ကိုယ်နဲ့ သင့်တော်မှု ရှိမရှိ သိနိုင်သလို၊ ဘန်ကောက်မှာ LASIK လုပ်ဖို့ အကောင်းဆုံးနေရာ မှာ စိတ်အချရဆုံး LASIK နည်းလမ်းကို ရွေးချယ်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ Laser Vision Myanmar Viber/Call Center 📞 Call Center : 02-511-2111 Chat on Viber 🏥 ဆေးရုံဖွင့်ချိန် : နေ့စဉ် မနက် 08:00 မှ ည 20:00 ထိ
Read More
Laser Vision LASIK Center

NanoLASIK: Revolutionizing Vision Correction for Swift Recovery

NanoLASIK: Revolutionizing Vision Correction for Swift Recovery If you're grappling with vision problems and have opted for LASIK, NanoLASIK, the latest Swiss innovation, could be the game-changer you're seeking. With nanotechnology at its core, NanoLASIK promises a quick recovery, ensuring you swiftly regain clear vision. When it comes to vision issues, eyeglasses and contact lenses are common remedies. However, they can be inconvenient, leading to situations like misplacing your glasses or experiencing discomfort with contacts. This is where LASIK, a vision correction procedure, shines as a long-term solution for significantly improving your eyesight.   Understanding LASIK:   LASIK, short for Laser In-Situ Keratomileusis, is a medical marvel using laser technology to correct various vision problems, including myopia, hyperopia, and astigmatism. It's known for its convenience, safety, and rapid results. LASIK comes in different variants, but generally, LASIK refers to a method that involves creating a corneal flap with a microkeratome blade and then using an excimer laser for precise corneal reshaping. The flap is repositioned afterward.    Decoding FemtoLASIK:   FemtoLASIK, or Femto for short, is an advanced vision correction technique that replaces the microkeratome blade with femtosecond laser technology for corneal flap creation. Subsequent steps involve employing an excimer laser for corneal reshaping, offering superior precision throughout the process and usually requiring a short recovery period of 2-3 days.   Introducing NanoLASIK:   NanoLASIK is the latest milestone in vision correction, building upon the advancements of FemtoLASIK. NanoLASIK utilizes low-energy nanosecond lasers with nanometer-level precision, augmented by artificial intelligence (AI) systems to prevent corneal movement. This groundbreaking approach eliminates the need for excessive corneal tissue removal, making it ideal for individuals with higher degrees of myopia. What's more, NanoLASIK prioritizes patient comfort and recovery, with most individuals experiencing a rapid, one-day recovery. This cutting-edge technology offers a renewed and clearer world, granting individuals the freedom to resume their regular activities, all under the care of experienced medical professionals.

ဆေးရုံတည်နေရာ

ဆက်သွယ်ရန်

calling
ဆက်သွယ်ရန် :