မျက်လုံး ကျန်းမာရေး

Sort

ဆလင်ဒါရှိသူတွေအတွက် Modern LASIK: မှုန်ဝါးနေတဲ့အမြင်ကို ရှင်းလင်းပြတ်သားစေဖို့

Astigmatism ဆိုတာ မျက်စိမှုန်ဝါးခြင်းကို ဖြစ်စေတဲ့ အဖြစ်များတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ ကိုယ့်မျက်မှန်ပါဝါမှာ "ဆလင်ဒါ" (Cylinder) ပါနေတဲ့သူတွေ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုပေါ့။ လူတော်တော်များများက LASIK လုပ်တယ်ဆိုတာ အနီးမှုန်နဲ့ အဝေးမှုန်အတွက်ပဲလို့ ထင်ကြပေမဲ့၊ တကယ်တော့ LASIK ဟာ ဆလင်ဒါကိုပါ အရမ်းကို ထိထိရောက်ရောက် ပြုပြင်ပေးနိုင်ပါတယ်။ သင်လည်း မျက်မှန်နဲ့ မျက်ကပ်မှန်တွေကိုပဲ အားကိုးနေရတယ်ဆိုရင် LASIK က သင်စောင့်မျှော်နေတဲ့ အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ်။   ဆလင်ဒါပါဝါဆိုတာ ဘာလဲ? ဒါကို အလွယ်ပြောရရင် မျက်လုံးက ဘတ်စကတ်ဘောလုံးလို လုံးဝိုင်းမနေဘဲ ရပ်ဘီဘောလုံး (Rugby Ball) လို ဘဲဥပုံရှည်ထွက်နေတာမျိုးပါ။ မျက်လုံးရဲ့အရှေ့ဘက်ခြမ်းက မျက်ကြည်လွှာ (Cornea) ရဲ့ မျက်နှာပြင်က အခုလို မညီညာတဲ့အခါ အလင်းတန်းတွေက တစ်နေရာတည်းမှာ စုစည်းမကျတော့ဘဲ နေရာအများကြီးမှာ ပြန့်ကျဲသွားစေပါတယ်။ ဒီလို မျက်ကြည်လွှာပုံသဏ္ဌာန် မညီညာတာကြောင့်ပဲ မျက်မှန်တပ်တဲ့အခါ "ဆလင်ဒါ" ပါဝါကို ထည့်သုံးရတာဖြစ်ပါတယ်။   ရလဒ်ကတော့? အနီးအဝေးအားလုံးမှာ အမြင်အာရုံက ဝါးတားတား ဒါမှမဟုတ် ပုံရိပ်တွေက ဆွဲဆန့်နေသလို ဖြစ်နေတာပါပဲ။ တချို့လူတွေမှာဆိုရင် ညဘက် မီးလုံးတွေကြည့်ရင် အလင်းတွေ ပြန့်ကားနေတာ (glare)၊ မီးရောင်ဘေးမှာ အကွင်းလိုက်ဖြစ်နေတာ (halos) ဒါမှမဟုတ် အရိပ်ထပ်သလိုမျိုး မြင်ရတာတွေ (ghost images) ဖြစ်တတ်ပါတယ်။   Source: Cleveland Clinic   LASIK နဲ့ ဆလင်ဒါကို ကုသလို့ရလား? သေချာပေါက် ကုသလို့ရပါတယ်။ LASIK ကုသမှုမှာ တိကျတဲ့ လေဆာရောင်ခြည်ကိုသုံးပြီး မျက်ကြည်လွှာရဲ့ ပုံသဏ္ဌာန်ကို ပိုပြီးညီညာသွားအောင် ပြန်လည်ညှိပေးလိုက်တာပါ။ ဒီလိုလုပ်လိုက်တဲ့အခါ အလင်းတန်းတွေက မြင်လွှာ (Retina) ပေါ်ကို တည့်တည့်မတ်မတ် ပြန်ကျရောက်သွားပြီး ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကို ပြန်ရရှိစေပါတယ်။   ခေတ်မီ LASIK နည်းပညာတွေက သင့်မျက်မှန်ပါဝါထဲက အနီး/အဝေးမှုန် ပါဝါတွေအပြင် ဆလင်ဒါ ပါဝါကိုပါ တိတိကျကျ ပြုပြင်ပေးနိုင်ပါတယ်။     Bangkok Eye Hospital ရဲ့ Laser Vision မှာဆိုရင် . . .    👁️‍🗨️ NanoLASIK® (AI နည်းပညာသုံး No-Blade LASIK) သမားရိုးကျ LASIK ကို အဆင့်မြှင့်ထားပြီး ကုသရခက်တဲ့ အမြင်အာရုံအနေအထားတွေကိုပါ ဖြေရှင်းပေးနိုင်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံထုတ် ZIEMER FemtoLDV Z8 စက်ရဲ့ အညင်သာဆုံးစွမ်းအင် (Lowest Energy Concept) ကိုသုံးတာကြောင့် မျက်ကြည်လွှာကို အထိခိုက်နည်းပြီး အတိကျဆုံးကုသပေးနိုင်ပါတယ်။ နောက်ဆုံးပေါ် AI နည်းပညာအထောက်အကူပါဝင်ပြီး ကုသနေစဥ်မှာ မျက်ကြည်လွှာအတွင်းပိုင်းကို တိုက်ရိုက်စစ်ဆေးနိုင်တဲ့ (Real-Time OCT) နည်းပညာကြောင့် ဘေးကင်းမှု အမြင့်ဆုံးပါပဲ။   👁️‍🗨️ SMILE Pro™️ နှင့် NanoRelex®️ (No-Flap နည်းလမ်းများ) မျက်ကြည်လွှာကို မလှန်ချင်သူတွေ၊ မျက်မှန်ပါဝါအရမ်းမများသူတွေအတွက် အထူးသင့်တော်ပါတယ်။   SMILE Pro™️: ဂျာမနီနိုင်ငံ ZEISS ရဲ့ Visumax 800 စက်ကိုသုံးပြီး မျက်လုံးတစ်ဖက်ကို ၈ - ၁၀ စက္ကန့်လောက်ပဲကြာတဲ့ ကမ္ဘာ့အမြန်ဆုံး SMILE နည်းပညာပါ။ NanoRelex®️: ဒါကလည်း ZIEMER ရဲ့ FemtoLDV Z8 စက်နဲ့ ကုသတဲ့ နောက်ထပ် No-Flap Option တစ်ခုဖြစ်ပါတယ်။   LASIK လုပ်ပြီးရင် ဘာတွေမျှော်လင့်နိုင်မလဲ? လူနာအများစုက နာရီပိုင်းအတွင်းမှာပဲ အမြင်အာရုံ သိသိသာသာ ကြည်လင်လာတာကို သတိထားမိကြပါတယ်။ ပထမ ရက်သတ္တပတ်အနည်းငယ်မှာ မျက်လုံးအနည်းငယ်ခြောက်တာ၊ အလင်းစူးတာမျိုး ခဏတာဖြစ်နိုင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သက်သာသွားလေ့ရှိပါတယ်။ လူနာအများစုကတော့ နေ့စဉ်ဘဝမှာ၊ အားကစားလုပ်တဲ့အခါ၊ ခရီးသွားတဲ့အခါတွေမှာ မျက်မှန်နဲ့ မျက်ကပ်မှန်မလိုတော့ဘဲ လွတ်လပ်ပေါ့ပါးသွားကြပါတယ်။   👉 ဆိုတော့ကာ . . . ဆလင်ဒါပါဝါရှိနေတာက စိုးရိမ်စရာ မဟုတ်ပါဘူး။ LASIK နဲ့ဆိုရင် ဆလင်ဒါ ကိုသာမက၊ အနီးမှုန် ဒါမှမဟုတ် အဝေးမှုန်တွေကိုပါ တစ်ခါတည်း ပြုပြင်နိုင်တဲ့အတွက် မျက်မှန်နဲ့ မျက်ကပ်မှန်ကို အမြဲတမ်းမှီခိုနေစရာမလိုဘဲ ကြည်လင်တဲ့အမြင်အာရုံကို ရေရှည်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။   နေ့ရက်တိုင်းမှာ ပိုပြီး လွတ်လပ်ပေါ့ပါး ကြည်လင်ပြတ်သားစွာ မြင်တွေ့ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် LASER VISION LASIK CENTER, Bangkok Eye Hospital ရဲ့ Refractive Surgery Specialist တွေနဲ့ လာရောက်ဆွေးနွေးတိုင်ပင်လိုက်ပါ။   ပိုကောင်းတဲ့ အမြင်အာရုံအတွက် ပထမဆုံးခြေလှမ်းက ရက်ချိန်းရယူလိုက်ရုံပါပဲ။
Read More
Laser Vision LASIK Center

Presbyopia (အနီးမှုန်) အတွက် Presbyopia LASIK နှင့် RLE ကုသမှုများ

Laser Vision LASIK Center

မျက်မှန်လေးကို Bye Bye လုပ်ချင်သူတွေအတွက် ✨ | LASIK & SMILE အကြောင်း အသေးစိတ်လေ့လာကြမယ်

မနက်အိပ်ယာနိုးတာနဲ့ ဘာအကူအညီမှမပါဘဲ လောကကြီးကို ကြည်လင်ပြတ်သားစွာ မြင်ရတဲ့ခံစားချက်မျိုးကို စိတ်ကူးကြည့်လိုက်ပါ။ အခုချိန်မှာတော့ ဒီလိုအမြင်အာရုံမျိုးကို ခေတ်မီနည်းပညာတွေနဲ့ ဘေးကင်း၊ မြန်ဆန်၊ သက်တောင့်သက်သာဖြစ်စေမယ့်နည်းလမ်းတွေနဲ့ ပိုင်ဆိုင်နိုင်ပါပြီ။ ကုသမှုမခံယူခင်မှာ မျက်စိလေဆာပစ်ခြင်းအကြောင်းကို အရင်ဆုံး အသေးစိတ်လေ့လာလိုက်ကြရအောင်။ •••••••••••••••••••••••••••••• ပထမဆုံးအနေနဲ့ 🤔 အမြင်အာရုံက ဘယ်လိုအလုပ်လုပ်သလဲ? လေဆာပစ်ခြင်းက ဘယ်လိုကူညီပေးလဲ? မျက်လုံးဆိုတာ ကင်မရာတစ်လုံးလိုပါပဲ။ 📸 ဝင်ရောက်လာတဲ့ အလင်းတန်းတွေကို မျက်ကြည်လွှာ (Cornea) ကနေတစ်ဆင့် မြင်လွှာ (Retina) ပေါ်ကို တိတိကျကျစုစည်းပေးနိုင်မှ ပုံရိပ်ကို ကြည်လင်ပြတ်သားစွာ မြင်ရတာပါ။ •••••••••••••••••••••••••••••• မျက်ကြည်လွှာရဲ့ ပုံသဏ္ဌာန်က မမှန်ကန်တဲ့အခါမှာတော့ 👁️ အဝေးမှုန်ခြင်း (Myopia) 👁️ အနီးမှုန်ခြင်း (Hyperopia) 👁️ ဆလင်ဒါပါဝါ (Astigmatism) တွေဖြစ်လာပါတယ်။ လေဆာကုသမှုဆိုတာက ဒီလိုပုံမှန်မဟုတ်တဲ့ မျက်ကြည်လွှာ (Cornea) ရဲ့ ပုံသဏ္ဌာန်ကို အနုစိတ်ပြန်လည်ညှိပေးပြီး အမြင်အာရုံကို မျက်မှန်၊ မျက်ကပ်မှန်အကူမလိုဘဲ ပြန်လည်ကြည်လင်စေတာပါပဲ။ •••••••••••••••••••••••••••••• 🌟 ယနေ့ခေတ်ရဲ့ အသုံးအများဆုံး လေဆာကုသမှုနည်းလမ်း (၂) မျိုး မျက်စိလေဆာပစ်တယ်ဆိုတာမှာ ဒီနေ့ခေတ် အသုံးအများဆုံး နည်းလမ်း (၂) မျိုးရှိပါတယ်။ 1️⃣ LASIKမျက်ကြည်လွှာအပေါ်ယံမှာ အလွှာပါးလေးတစ်ခုကို ညင်ညင်သာသာ ဖန်တီးပြီး လေဆာနဲ့ပြုပြင်ကုသတဲ့နည်းလမ်းပါ။ 2️⃣ SMILEမျက်ကြည်လွှာကို လှန်စရာမလိုဘဲ မျက်ကြည်လွှာအတွင်းပိုင်းက တစ်ရှူးစလေး (Lenticule) ကို လေဆာနဲ့ဖန်တီးပြီး အလွန်သေးငယ်တဲ့အပေါက်လေးကနေ ဖယ်ထုတ်လိုက်တဲ့နည်းလမ်းပါ။ •••••••••••••••••••••••••••••• Laser Vision မှာတော့ ဒီနည်းလမ်းတွေကို အကောင်းဆုံးဖြစ်အောင် အခုလို အဆင့်မြှင့်တင်ထားပါတယ်။ 👇 👁️‍🗨️ NanoLASIK® (AI နည်းပညာသုံး No-Blade LASIK)သမားရိုးကျ LASIK ကို အဆင့်မြှင့်ထားပြီး ကုသရခက်တဲ့ အမြင်အာရုံအနေအထားတွေကိုပါ ဖြေရှင်းပေးနိုင်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံထုတ် ZIEMER FemtoLDV Z8 စက်ရဲ့ အညင်သာဆုံးစွမ်းအင် (Lowest Energy Concept) ကိုသုံးတာကြောင့် မျက်ကြည်လွှာကို အထိခိုက်နည်းပြီး အတိကျဆုံးကုသပေးနိုင်ပါတယ်။ နောက်ဆုံးပေါ် AI နည်းပညာအထောက်အကူပါဝင်ပြီး ကုသနေစဥ်မှာ မျက်ကြည်လွှာအတွင်းပိုင်းကို တိုက်ရိုက်စစ်ဆေးနိုင်တဲ့ (Real-Time OCT) နည်းပညာကြောင့် ဘေးကင်းမှု အမြင့်ဆုံးပါပဲ။   👁️‍🗨️ SMILE Pro™️ နှင့် NanoRelex®️ (No-Flap နည်းလမ်းများ) မျက်ကြည်လွှာကို မလှန်ချင်သူတွေ၊ မျက်မှန်ပါဝါအရမ်းမများသူတွေအတွက် အထူးသင့်တော်ပါတယ်။ SMILE Pro™️: ဂျာမနီနိုင်ငံ ZEISS ရဲ့ Visumax 800 စက်ကိုသုံးပြီး မျက်လုံးတစ်ဖက်ကို ၈ - ၁၀ စက္ကန့်လောက်ပဲကြာတဲ့ ကမ္ဘာ့အမြန်ဆုံး SMILE နည်းပညာပါ။ NanoRelex®️: ဒါကလည်း ZIEMER ရဲ့ FemtoLDV Z8 စက်နဲ့ ကုသတဲ့ နောက်ထပ် No-Flap Option တစ်ခုဖြစ်ပါတယ်။ •••••••••••••••••••••••••••••• Laser Vision က ဘန်ကောက်မှာ မျက်စိလေဆာပစ်မယ့် မြန်မာလူနာတွေရဲ့ ပထမဦးစားပေး ရွေးချယ်မှု ဘာကြောင့်ဖြစ်နေရတာလဲ❓ ✅ နောက်ဆုံးပေါ်နည်းပညာတွေကို တစ်နေရာတည်းမှာရရှိနိုင်ခြင်း✅ ဝါရင့်ကျွမ်းကျင်မှုနဲ့ စိတ်ချရမှု မျက်ကြည်လွှာနဲ့ အလင်းယိုင်ခြင်းဆိုင်ရာ ခွဲစိတ်ကုသမှုနယ်ပယ်မှာ နှစ်ပေါင်း ၃၅ နှစ်ကျော် အတွေ့အကြုံရှိ မျက်စိအထူးကုဆရာဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး၊ နှစ် ၂၀ အထက် အတွေ့အကြုံရှိတဲ့ ထိပ်တန်းမျက်စိအထူးကုဆရာဝန်ကြီးတွေက ကုသပေးနေပါတယ်။   ✅ လူနာအတွက် ဘေးအကင်းဆုံး၊ အကိုက်ညီဆုံးနည်းပညာကို ရွေးချယ်ပေးနိုင်မှု လူနာတစ်ယောက်ချင်းစီရဲ့ မျက်လုံးအခြေအနေကို အသေးစိတ်စစ်ဆေးပြီးမှ ဝါရင့်ဆရာဝန်ကြီးတွေက ဘေးအကင်းဆုံးနဲ့ ရလဒ်အကောင်းဆုံးဖြစ်မယ့် နည်းပညာကို ဂရုတစိုက်ရွေးချယ်ပေးပါတယ်။   ✅ ဘာသာစကားအခက်အခဲ မရှိခြင်း မြန်မာဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနိုင်ရန် ဝန်ဆောင်မှုပေးမယ့် In-House Experience Team ရှိပါတယ်။ •••••••••••••••••••••••••••••• 💡 မျက်စိလေဆာပစ်ချင်တယ်၊ ဘယ်ကစရမလဲ? ပထမဆုံးနဲ့ အရေးအကြီးဆုံးအဆင့်ကတော့ "မျက်စိအသေးစိတ်စစ်ဆေးခြင်း" ပါပဲ။ စစ်ဆေးမှုပြုလုပ်ပြီးမှသာ သင့်မျက်လုံးအတွက် ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပြီး အဖြေရှာနိုင်မှာပါ။   အသေးစိတ်ဆွေးနွေးတိုင်ပင်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။    
Cataract Center
Retina Center
Laser Vision LASIK Center
Glaucoma Center
Cornea Center
Children's Eye Center
Oculoplastic
Neuroophthalmology

เลสิกสำหรับนักแบดมินตัน เพิ่มความคมชัดเพื่อชัยชนะทุกคอร์ต | Bangkok Eye Hospital

  เลสิกสำหรับนักแบดมินตัน: พลิกเกมด้วยสายตาที่คมชัดกว่า 🏸 “พริบตาเดียวบนคอร์ต อาจเปลี่ยนชัยชนะเป็นความพลาด” การเล่นแบดมินตันไม่ได้อาศัยเพียงแค่พละกำลังหรือความเร็ว แต่หัวใจสำคัญคือ การมองเห็นที่แม่นยำและรวดเร็ว เพื่อการ "อ่านเกม อ่านลูก และอ่านทางคู่แข่ง" ได้เหนือกว่าใคร! อุปสรรคทางสายตาที่นักกีฬาต้องเจอ เคยไหมที่ต้องมัวดันแว่นระหว่างการแข่งขัน? หรือกังวลว่าคอนแทคเลนส์จะหลุดกลางเกม? ปัญหาเหล่านี้อาจทำให้คุณเสียสมาธิและพลาดจังหวะสำคัญในเสี้ยววินาที... ซึ่งอาจหมายถึงการเสียคะแนนหรือพลาดชัยชนะไปอย่างน่าเสียดาย LASIK: คำตอบสำหรับนักกีฬายุคใหม่ การทำเลสิก (LASIK) คือทางเลือกที่ตอบโจทย์สำหรับนักกีฬาแบดมินตันและผู้ที่รักการออกกำลังกายทุกคน ช่วยปลดล็อกศักยภาพของคุณให้เหนือกว่าเดิม สายตาคมชัด โฟกัสการเคลื่อนไหวของลูกขนไก่ได้ดีขึ้น คล่องตัวทุกการเคลื่อนไหว ไม่ต้องกังวลเรื่องแว่นหรือคอนแทคเลนส์ มั่นใจในทุกช็อต ทั้งลูกตบ ลูกหยอด หรือลูกตัด เมื่อไร้กังวลเรื่องสายตา คุณจะสามารถโฟกัสที่เกมการแข่งขันได้อย่างเต็มที่ เพราะการมองเห็นที่ดี ไม่ได้แค่ทำให้เล่นดีขึ้น แต่ทำให้คุณ “มั่นใจในทุกการเคลื่อนไหว” ปรึกษาการทำเลสิกสำหรับนักกีฬา ดวงตามีคู่เดียว มั่นใจให้แพทย์เฉพาะทางดูแล ที่ Laser Vision at Bangkok Eye Hospital เลียบทางด่วนรามอินทรา โทรเลย: 02-511-2111 #LASERVISION #SMILEPro #LASIK #BangkokEyeHospital #เลสิกไร้ใบมีด #LASIKForSport #Badminton #กีฬาแบดมินตัน
Cataract Center
Retina Center
Laser Vision LASIK Center
Glaucoma Center
Cornea Center
Children's Eye Center
Oculoplastic
Neuroophthalmology

ภาพเบลอในสนาม อาจทำให้คุณพลาดโอกาสสำคัญ

"ภาพเบลอในสนาม อาจทำให้คุณพลาดโอกาสสำคัญ" ⚽👀  เพราะในทุกวินาทีของการแข่งขัน... “สายตา” คืออาวุธลับที่คุณอาจมองข้ามจะเล็ง จะส่ง จะยิง ทุกจังหวะต้องแม่นยำ แต่ถ้ามองไม่ชัดตั้งแต่แรก คุณอาจพลาดสิ่งสำคัญที่อยู่ตรงหน้า  ไม่ว่าจะเป็น: ✅ โอกาสในการยิงประตู ✅ การอ่านเกมในเสี้ยววินาที ✅ การเคลื่อนไหวที่มั่นใจและคล่องตัว   การทำเลสิกช่วยให้คุณกลับมามองเห็นชัด ลดการพึ่งพาแว่นหรือคอนแทคเลนส์ พร้อมเปลี่ยนทุกเกมให้คุณ "คุมสนามได้อยู่หมัด"   📍 Laser Vision ปรึกษาการทำเลสิกสอบถามได้ที่ 02-511-2111   #LASERVISION #SMILEPro #LASIK #smarteyehospital #BangkokEyeHospital #QualityEyeCare #BestVisionBestVersion #NoBlade #เลสิกไร้ใบมีด #LASIKForSport #Sport #Football #กีฬาฟุตบอล  
Cataract Center
Retina Center
Laser Vision LASIK Center
Glaucoma Center
Cornea Center
Children's Eye Center
Oculoplastic
Neuroophthalmology

Laser Vision: ปลดล็อกศักยภาพนักกอล์ฟ ด้วยเลสิก (LASIK) และ SMILE Pro

กอล์ฟ คือ เกมส์ของการโฟกัส เล่นกอล์ฟเก่งแค่ไหน ถ้ามองไม่ชัด… ก็พลาดได้ง่าย ๆ การทำเลสิก ไม่ได้แค่ช่วยให้คุณมองชัดขึ้นแต่ช่วย “ยกระดับเกม” ของคุณไปอีกขั้น ไม่ต้องเล็งผ่านเลนส์ ไม่ต้องพะวงแว่นหลุด เห็นธงชัดตั้งแต่ระยะ 200 หลา เล่นได้มั่นใจ โฟกัสได้เต็มที่ในทุกหลุม อย่าปล่อยให้สายตาเป็นอุปสรรคของวงสวิง 📍 Laser Vision at Bangkok Eye Hospital เลียบทางด่วนรามอินทรา ดวงตามีคู่เดียว มั่นใจให้แพทย์เฉพาะทางดูแล ปรึกษาการทำเลสิกสอบถามได้ที่ 02-511-2111 #LASERVISION #SMILEPro #LASIK #smarteyehospital #BangkokEyeHospital #QualityEyeCare #BestVisionBestVersion #GolfVision #LASIKForGolfers
Laser Vision LASIK Center

เทคนิคการเลือกแว่นตาหลังทำเลสิก

เทคนิคการเลือกแว่นตาหลังทำเลสิก หลังจากที่ทำเลสิกแล้วเพื่อให้แผลหายเร็วและได้ผลลัพธ์ที่ดีที่สุด สิ่งที่สำคัญไม่แพ้การรักษาความสะอาดคือการหลีกเลี่ยงแสงแดด การใส่แว่นกันแดดเป็นสิ่งหนึ่งที่คุณสามารถทำเพื่อดูแลดวงตาของคุณหลังการผ่าตัดได้ โดยมีเทคนิคการเลือกแว่นกันแดดดังนี้   🌞 เลือกเลนส์ที่สามารถป้องกันแสง UV ได้ 99-100% แสงอัลตราไวโอเลตจากดวงอาทิตย์สามารถทำอันตรายต่อดวงตาได้ แม้ว่าจะทำเลสิกแล้วก็ตาม การใส่แว่นกันแดดที่มีเลนส์ป้องกัน UV จึงเป็นสิ่งสำคัญ 🌞 ถ้าอยู่ในที่ ๆ มีแสงสะท้อนเยอะ ควรเลือกเลนส์โพลาไรซ์ซึ่งช่วยตัดแสงสะท้อนจะทำให้สบายตามากขึ้น 🌞 เลือกสีให้เหมาะกับการใช้งาน โดยไม่จำเป็นต้องเป็นสีดำมืดก็ได้ 🌞 เลือกขนาดที่เหมาะกับใบหน้า เลนส์ควรมีความกว้างเท่ากับใบหน้าของคุณ สันจมูกควรสวมได้พอดีโดยไม่รัดแน่นเกินไป และขาแว่นควรสวมได้พอดีโดยไม่กดทับใบหน้า   สามารถมาเลือกแว่นตากันแดดแบรนด์ชั้นนำได้ที่ร้าน WALTZ ในโรงพยาบาลจักษุกรุงเทพ Bangkok Eye Hospital ชั้น 3 เปิดให้บริการ ตั้งแต่เวลา 10.00 -19.00 น.  

ဆေးရုံတည်နေရာ

ဆက်သွယ်ရန်

calling
ဆက်သွယ်ရန် :