မျက်လုံး ကျန်းမာရေး : #Laser Vision

Sort

SMILE pro® 2.0 အကြောင်း

SMILE pro® 2.0 ဆိုတာဘာလဲ? အကောင်းဆုံး Flapless LASIK နည်းပညာ | Laser Vision မျက်မှန်မပါဘဲ ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကိုပြန်လည်ရယူဖို့ ဆုံးဖြတ်ချက်ချလိုက်တာဟာ သင့်ဘဝအတွက် အပြောင်းအလဲကြီးတစ်ခုပါပဲ။  မျက်မှန်အမြဲတပ်ထားရလို့ စိတ်ရှုပ်ရတာတွေ၊ မျက်ကပ်မှန်ကြောင့် အဆင်မပြေ၊ ကသိကအောက်ဖြစ်ရတာတွေကို စွန့်လွှတ်ပြီး ကြည်လင်တဲ့အမြင်အာရုံကို လိုချင်ကြတာ သဘာဝပါပဲ။  ဒါပေမဲ့ တကယ်လုပ်တော့မယ်ဆိုရင် လူတိုင်းမှာ စိုးရိမ်စိတ်လေးတွေ ရှိတတ်ကြပါတယ်။ဒါက  "တကယ်ပဲ ဘေးကင်းရဲ့လား? နာမှာလား? အနားယူချိန် ဘယ်လောက်ပေးရမလဲ?" ၂၀၂၆ ခုနှစ်မှာ ဒီမေးခွန်းတွေအတွက် အကောင်းဆုံးအဖြေရှိနေပါပြီ။  FemtoLASIK, ReLExSMILE တို့လိုနည်းလမ်းတွေဟာ အကောင်းဆုံးစံနှုန်းတစ်ခု ဖြစ်ခဲ့ပေမဲ့ အခုအခါမှာတော့ SMILE pro® 2.0 ဟာ ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကို လိုချင်သူတွေအတွက် အယုံကြည်ရဆုံး နည်းပညာဖြစ်လာခဲ့ပါပြီ။   SMILE pro® ဆိုတာ ဂျာမနီနိုင်ငံထုတ် Carl ZEISS Visumax 800 စက်ကို အသုံးပြုပြီး အလွန်မြန်ဆန်တိကျတဲ့ လေဆာနဲ့ ကုသပေးတဲ့ နောက်ဆုံးပေါ် နည်းပညာဖြစ်ပါတယ်။ သင်ဟာ SMILE နည်းလမ်းနဲ့ မျက်မှန်ပါဝါ‌ဖျောက်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီဆောင်းပါးက SMILE pro® 2.0 ရဲ့ အားသာချက်တွေကို အသေးစိတ် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ SMILE pro® ဆိုတာ ဘာလဲ? မျိုးဆက်သစ် လေဆာမျက်စိကုသမှုတစ်မျိုးဖြစ်တဲ့ SMILE (Small Incision Lenticule Extraction) ကို အခြေခံပြီး SMILE pro® 2.0 မှာတော့ ZEISS VisuMax 800 စက်ကို အသုံးပြုထားပါတယ်။ ဒီစက်ဟာ အချိန်ကုန်သက်သာစေရုံတင်မကဘဲ Digital စနစ်နဲ့ အလွန်တိကျတဲ့ CentraLign® နဲ့ OcuLign® နည်းပညာတွေ ပါဝင်လာပါတယ်။ ရိုးရိုး LASIK နဲ့ မတူတဲ့အချက်ကတော့ မျက်ကြည်လွှာမှာ Corneal Flap လုပ်စရာမလိုတာပါ။ ယင်းအစား အလွန်တိကျတဲ့ လေဆာနဲ့ မျက်ကြည်လွှာအတွင်းပိုင်းမှာ အလွန်သေးငယ်တဲ့ တစ်သျှူးလေး (Lenticule) ကို ဖန်တီးပြီး ၂ မီလီမီတာကနေ ၄ မီလီမီတာလောက်ပဲရှိတဲ့ အပေါက်လေးကနေ ထုတ်ယူလိုက်ခြင်းဖြင့် မျက်မှန်ပါဝါကို ကုသလိုက်တာပဲဖြစ်ပါတယ်။  SMILE pro® 2.0 ရဲ့ အကျိုးကျေးဇူးများ   ✅ မျက်ကြည်လွှာထိခိုက်မှု အနည်းဆုံးဖြစ်ခြင်း (Minimal Disruption) - ခွဲစိတ်ရာ အလွန်သေးငယ်တဲ့အတွက် မျက်ကြည်လွှာရဲ့ တည်ဆောက်ပုံကို ပိုမိုခိုင်မာစေပါတယ်။   ✅ လျင်မြန်စွာ ပြန်လည်သက်သာခြင်း (Rapid Recovery) - လူနာအများစုဟာ ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာပဲ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြန်လည်လုပ်ဆောင်နိုင်ပါတယ်။ ကုသမှုအပြီးမှာ မျက်စိအလွန်စူးခြင်းမျိုး မခံစားရခြင်း၊ သက်‌သောင့်သက်သာမဖြစ်ခြင်း၊ ကြာရှည်အနားယူစရာမလိုခြင်းတို့ကြောင့် မျက်စိလေဆာပစ်ခြင်းအတွေ့အကြုံက ထင်သလောက်ကြောက်စရာမကောင်းနေတာကို ဒီလိုနောက်ဆုံးပေါ်နည်းပညာတွေမှာ တွေ့မြင်ရလေ့ရှိပါတယ်။   ✅ ကုသမှုဟာ နာကျင်မှုမရှိသလောက်ဖြစ်ပြီး လေဆာပစ်ချိန်ဟာ မျက်စိတစ်ဖက်ကို ၁၀ စက္ကန့်အောက် (၈ စက္ကန့်ခန့်) သာ ကြာမြင့်တဲ့အတွက် လူနာအတွက် စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်ပါတယ်။     SMILE pro® 2.0 က တိကျမှုအတွက် ဘယ်လိုလုပ်ဆောင်ပေးလဲ? မျက်စိခွဲစိတ်မှုအပါအဝင် ခွဲစိတ်မှုအတော်များများမှာ လူတွေအကြောက်ဆုံးက (Human Error) ပါပဲ။ SMILE pro® 2.0 ကတော့ Digital Flow နဲ့ ဒီပြဿနာကို ဖြေရှင်းပေးပါတယ်။   🔝 Seamless Data Transfer - တိုင်းတာထားတဲ့ မျက်စိဒေတာတွေကို စက်ထဲကို တိုက်ရိုက်ပို့ပေးတဲ့အတွက် ကိုယ်တိုင်ဒေတာတွေ ထည့်ရတဲ့အခါ ဖြစ်တတ်တဲ့ အမှားအယွင်းတွေကို ဖယ်ရှားပေးပါတယ်။   🔝 CentraLign® System -  လေဆာပစ်မယ့်နေရာကို သင့်မျက်စိရဲ့ အလင်းဗဟို (Visual Center) နဲ့ အတိအကျဖြစ်အောင် ချိန်ညှိပေးတဲ့အတွက် အမြင်အာရုံ ပိုမိုပြတ်သားစေပါတယ်။   🔝 OcuLign® System - သင် လှဲအိပ်လိုက်တဲ့အခါ မျက်စိဟာ ကမ္ဘာမြေဆွဲအားကြောင့် အနည်းငယ် လည်ပြီး ရွေ့လျားတတ်ပါတယ်။ ဒီစနစ်က အဲဒီလိုလည်သွားတာကိုပါ အလိုအလျောက် ချိန်ညှိပေးတဲ့အတွက် ဆလင်ဒါရှိသူတွေအတွက် အမြင့်မားဆုံးတိကျမှု ရစေပါတယ်။ Photo courtesy of Carl Zeiss Co., Ltd The Competitive Edge: SMILE pro® 2.0 vs ReLEx SMILE နည်းပညာ စတင်သောနှစ် Laser စက် အဓိက အားသာချက်များ  ReLEx SMILE 2011 VisuMax 500 ပထမမျိုးဆက်ဖြစ်ပြီး လေဆာပစ်ချိန် ၂၃ စက္ကန့်ခန့် ကြာမြင့်ပါတယ်။ SMILE Pro® 2021 VisuMax 800 VisuMax 800 စက်ကို စတင်အသုံးပြုပြီး လေဆာပစ်ချိန် ၈ စက္ကန့်အထိ မြန်ဆန်လာပါတယ်။ SMILE Pro® 2.0  2025 VisuMax 800 Digital Workflow စနစ်၊ Cloud နှင့် Big Data တို့ကို ပေါင်းစပ်ထားပြီး CentraLign® နှင့် OcuLign® တို့လို AI စနစ်များကြောင့် အတိကျဆုံးသော ရလဒ်ကို ပေးစွမ်းနိုင်ပါတယ်။ SMILE pro® 2.0 ဟာ မြန်ဆန်မှု၊ တิကျမှုနဲ့ AI-driven planning (AI စနစ်သုံး ကုသမှုပုံစံ) တို့ကို ပေါင်းစပ်ထားတဲ့ အဆင့်မြင့်နည်းပညာတစ်ခု ဖြစ်ပါတယ်။ ၂၈ နှစ်တာ အတွေ့အကြုံနှင့် ခေတ်မီနည်းပညာတို့၏ ပေါင်းစပ်မှု နည်းပညာတင်မကဘဲ မျက်စိဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုနဲ့ ဆေးရုံရဲ့ စံချိန်စံညွှန်းကလည်း အလွန်အရေးကြီးပါတယ်။ Laser Vision International LASIK Center မှာတော့ မျက်လုံးပေါင်း တစ်သိန်းကျော်ကို အောင်မြင်စွာ ကုသပေးခဲ့ပြီးတဲ့ ၂၈ နှစ်တာ အတွေ့အကြုံရှိ ကျွမ်းကျင်မျက်စိဆရာဝန်ကြီးများက ကုသပေးနေတာ ဖြစ်ပါတယ်။ ဘန်ကောက်မျက်စိအထူးကုဆေးရုံကြီးဟာ အမေရိကန်နိုင်ငံရဲ့ AACI စံချိန်စံညွှန်း အသိအမှတ်ပြု လက်မှတ်ကိုလည်း ရရှိထားပါတယ် Q : SMILE pro® 2.0 က ဘယ်သူတွေနဲ့ သင့်တော်တာလဲ? A : အကောင်းဆုံးကတော့ မျက်စိစမ်းသပ်မှု အရင်ခံယူကြည့်ဖို့ပါပဲ။ သင့်မျက်ကြည်လွှာ အထူအပါး၊ မျက်စိကျန်းမာရေးနဲ့ နေထိုင်မှုပုံစံပေါ်မူတည်ပြီး အသင့်တော်ဆုံး ကုသမှုကို ဝါရင့်မျက်စိဆရာဝန်ကြီးတွေက အကြံပြုပေးသွားမှာပါ။   Q : ဒီကုသမှုက ဘေးကင်းရဲ့လား? A : ZEISS ရဲ့ SMILE နည်းပညာဟာ ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်းသန်းနဲ့ချီ ကုသမှုခံယူပြီးသားဖြစ်လို့ ဘေးကင်းမှုအတွက် စိတ်ချရပါတယ်။ Laser Vision မှာဆိုရင် လူနာတစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး အသေးစိတ်စစ်ဆေးဆွေး‌နွေးပေးပါတယ်။   Q : ပြန်လည်သက်သာဖို့ ဘယ်လောက်ကြာမလဲ? A : များသောအားဖြင့် ၁ ရက်ကနေ ၂ ရက်အတွင်းမှာတင် ကားမောင်းတာနဲ့ အခြားသောလုပ်ငန်းဆောင်တာများကိုလည်း ကုသမှုတာဝန်ခံဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရင်း ပြန်လည်လုပ်ဆောင်နိုင်ပါတယ်။             *ဗီဒီယို မပေါ်ပါက ဒီနေရာကို နှိပ်ပါ မျက်မှန်ပါဝါကို လေဆာနဲ့ဖျောက်ဖို့ အကောင်းဆုံးကုသမှုနည်းလမ်းကို ရှာဖွေနေတယ်ဆိုရင် 💭   Corneal & Refractive Surgery Specialist တွေနဲ့ သေချာပြသပြီး စစ်ဆေးကြည့်တာက ဘယ်နည်းလမ်းတွေက ကိုယ်နဲ့ သင့်တော်မှု ရှိမရှိကို တိတိကျကျ သိနိုင်သလို၊ Laser Vision မှာဆိုရင် မျက်စိလေဆာပစ်ခြင်းအတွက် နောက်ဆုံးပေါ်နည်းပညာတွေအားလုံးကို တစ်နေရာတည်းမှာ ရွေးချယ်ကုသမှုခံယူနိုင်ပါတယ်။  Laser Vision International LASIK Centre at Bangkok Eye Hospital Chat on Viber မြန်မာဘာသာဖြင့် ဆွေးနွေးတိုင်ပင်လိုက်ပါ Article Reviewed By Assoc. Prof. Anan Vongthongsri CEO & Founder, Senior Ophthalmologist Specialist in Cornea and Refractive Surgery (LASIK) with over 100,000 successful procedures. Doctor Profile Make an Appointment
Read More
Laser Vision မျက်စိလေဆာအထူးကုသမှုစင်တာ

LASIK Eye Surgery နည်းပညာများစွာထဲက Nano နည်းပညာအားသာချက်များ

မျက်မှန်လေးကို Bye Bye လုပ်ဖို့ မျက်စိလေဆာပစ်မယ်ဆိုရင် ရွေးချယ်မှုမှန်ကန်ဖို့လိုပါတယ်။  မျက်စိလေဆာပစ်ခြင်း - ကုသမှုပုံစံမျက်စိလေဆာပစ်ခြင်းဆိုတာ မျက်မှန်၊ မျက်ကပ်မှန်အသုံးပြုစရာမလိုတော့ဘဲ ကြည်လင်ပြတ်သားတဲ့အမြင်အာရုံကို ပြန်လည်ရယူပေးနိုင်တဲ့ကုသမှုနည်းလမ်းဖြစ်ပါတယ်။ ကုသမှုပုံစံကတော့ မျက်ကြည်လွှာအပေါ်မှာ လေဆာအသုံးပြုပြီး အမြင်မှုန်ဝါးခြင်းကိုဖြစ်စေတဲ့ မျက်ကြည်လွှာပုံသဏ္ဍာန်ကို ပြုပြင်ပေးလိုက်တာပဲဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ကုသမှုအပြီးမှာတင် မျက်မှန်မပါဘဲကြည်လင်တဲ့အမြင်အာရုံကို ရရှိစေပါတယ်။   ကုသမှုခံယူလို့ရနိုင်၊ မရနိုင် ဘယ်လိုသိနိုင်မလဲ?ကုသမှုခံယူလို့ရနိုင်တဲ့ Eligible Candidate တွေဟာ အသေးစိတ်မျက်စိစမ်းသပ်စစ်ဆေးခြင်း (Complete Eye Examination) အဆင့်ဆင့်ကို ကျော်ဖြတ်ရပါတယ်။ နောက်ဆုံးမှာ ကုသမှုဆိုင်ရာဝါရင့် LASIK Surgeon ကြီးတွေကိုယ်တိုင်ထပ်မံစစ်ဆေးပြီးမှ ကုသမှုအတွက်သင့်လျော်မှု၊ အကောင်းဆုံးပြန်လည်ရရှိနိုင်မယ့် အမြင်အာရုံအနေအထား အစရှိတာတွေကို အတည်ပြုပေးတာဖြစ်ပါတယ်။   မျက်စိလေဆာကုသမှုရဲ့ မျိုးဆက်သစ်နည်းပညာများ ထိုင်းနိုင်ငံမှာ ပထမဆုံး Smart Eye Hospital ဖြစ်တဲ့ Bangkok Eye Hospital ရဲ့ LASER VISION မှာဆိုရင် ဒီအဆင့်တွေအားလုံးအတွက် သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင်စစ်ဆေးပေးပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ် AI နည်းပညာအထောက်အကူပါဝင်တဲ့ စက်ကိရိယာတွေကိုသာ ရွေးချယ်အသုံးပြုထားတာကြောင့် ဘေးကင်းလုံခြုံမှုနှင့် တိကျသေချာတဲ့ရလဒ်တစ်ခုကိုပါ အာမခံပေးနိုင်ပါတယ်။   LASER VISION ရဲ့ မျိုးဆက်သစ်နည်းပညာဖြစ်တဲ့ NanoLASIK နဲ့ NanoRelex ဟာလည်း မျက်စိလေဆာကုသခြင်းအတွက် အဆင့်မြင့်အနာဂတ်နည်းပညာတွေဖြစ်ပါတယ်။ သမာရိုးကျနည်းလမ်းများနှင့်မတူတဲ့ ကွာခြားချက်များ တိကျညင်သာပြီး သက်သောင့်သက်သာအဖြစ်ဆုံး မြန်ဆန်တဲ့ကုသမှုဖြစ်စေဖို့ Nanojoules-Powered Femtosecond Laser၊ ဒီလေဆာအမျိုးအစားဟာ ပြင်းအားအနည်းဆုံးဖြစ်အောင် လျှော့ချထားလို့ မျက်ကြည်လွှာအတွက် အထူးဘေးကင်းသင့်လျော်ပါတယ်။ ကုသမှုအဆင့်တိုင်းအတွက် AI အထောက်အကူပါဝင်ခြင်း၊ ဥပမာအားဖြင့် - မျက်လုံးရဲ့ လှုပ်ရှားမှုအလိုက် တွက်ချက်တုံ့ပြန်ပေးနိုင်မယ့် AI Eye Tracking နည်းစနစ် ကုသနေစဥ်တစ်လျှောက်လုံး အရေးကြီးတဲ့ကုသမှုဧရိယာတွေကို မြေပုံသဖွယ်တိုက်ရိုက်ကြည့်ရှုတွက်ချက်နိုင်စေမယ့် Real-Time OCT Scan အစရှိသဖြင့် မျက်လုံးအတွက် အထူးကောင်းမွန်သက်သောင့်သက်သာရှိစေနိုင်တဲ့ နည်းပညာတွေကို စနစ်တကျအသုံးပြုကုသတာဖြစ်ပါတယ်။   ကုသမှုခံယူပြီးသူများရဲ့ Feedbacks ဒီနည်းပညာကုသမှုခံယူပြီးသူများဟာ ကုသမှုအပြီးနောက်ရက်မှာတင် မျက်မှန်တပ်နေတဲ့ အခြားသောမိသားစုဝင်၊ ဆွေမျိုး၊ သူငယ်ချင်းများကို မျက်စိလေဆာပစ်ဖို့ ညွှန်းဆိုပေးတဲ့အထိ ပျော်ရွှင်စိတ်ကျေနပ်မှုကို တွေ့မြင်ရလေ့ရှိပါတယ်။ ကြည်လင်တဲ့အမြင်အာရုံကို ကုသမှုအပြီးမှာတင် စတင်ခံစားရပြီး နောက်တစ်နေ့မျက်လုံးအကာခွာချိန်မှာ 20/20 Vision အနေအထားအထိ ကြည်လင်ပြတ်သားနေခြင်းက Nano နည်းပညာများရဲ့ အဓိကအချက်ပါပဲ။  ကုသမှုအတွက် ဆက်သွယ်စုံစမ်းရန် (သို့) ရက်ချိန်းရယူရန် 💬 Messenger: https://bit.ly/laservisionmyanmarofficialpage    📱Viber (Myanmar Consultant): +66965426179   📍Address (Find Us Here) Bangkok Eye Hospital, 10/989, 33 ถนน ประเสริฐมนูกิจ แขวงนวลจันทร์ เขตบึงกุ่ม กรุงเทพมหานคร 10240   Bangkok Eye Hospital, 10/989, 33 Prasertmanukit Road Nuanchan Subdistrict, Bueng Kum District, Bangkok 10240
calling
ဆက်သွယ်ရန် : +662 511 2111