Blogs Bangkok Eye Hospital
Back
ဆလင်ဒါရှိသူတွေအတွက် Modern LASIK: မှုန်ဝါးနေတဲ့အမြင်ကို ရှင်းလင်းပြတ်သားစေဖို့

 

 

 

 

 

 

 

ဆလင်ဒါရှိသူတွေအတွက် LASIK: မှုန်ဝါးနေတဲ့အမြင်ကို ရှင်းလင်းပြတ်သားစေဖို့

Astigmatism ဆိုတာ မျက်စိမှုန်ဝါးခြင်းကို ဖြစ်စေတဲ့ အဖြစ်များတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ ကိုယ့်မျက်မှန်ပါဝါမှာ "ဆလင်ဒါ" (Cylinder) ပါနေတဲ့သူတွေ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုပေါ့။ လူတော်တော်များများက LASIK လုပ်တယ်ဆိုတာ အနီးမှုန်နဲ့ အဝေးမှုန်အတွက်ပဲလို့ ထင်ကြပေမဲ့၊ တကယ်တော့ LASIK ဟာ ဆလင်ဒါကိုပါ အရမ်းကို ထိထိရောက်ရောက် ပြုပြင်ပေးနိုင်ပါတယ်။ သင်လည်း မျက်မှန်နဲ့ မျက်ကပ်မှန်တွေကိုပဲ အားကိုးနေရတယ်ဆိုရင် LASIK က သင်စောင့်မျှော်နေတဲ့ အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဆလင်ဒါပါဝါဆိုတာ ဘာလဲ?

ဒါကို အလွယ်ပြောရရင် မျက်လုံးက ဘတ်စကတ်ဘောလုံးလို လုံးဝိုင်းမနေဘဲ ရပ်ဘီဘောလုံးလို ဘဲဥပုံရှည်ထွက်နေတာမျိုးပါ။ မျက်လုံးရဲ့အရှေ့ဘက်ခြမ်းက မျက်ကြည်လွှာ (Cornea) ရဲ့ မျက်နှာပြင်က အခုလို မညီညာတဲ့အခါ အလင်းတန်းတွေက တစ်နေရာတည်းမှာ စုစည်းမကျတော့ဘဲ နေရာအများကြီးမှာ ပြန့်ကျဲသွားစေပါတယ်။ ဒီလို မျက်ကြည်လွှာပုံသဏ္ဌာန် မညီညာတာကြောင့်ပဲ မျက်မှန်တပ်တဲ့အခါ "ဆလင်ဒါ" ပါဝါကို ထည့်သုံးရတာဖြစ်ပါတယ်။

ရလဒ်ကတော့? အနီးအဝေးအားလုံးမှာ အမြင်အာရုံက ဝါးတားတား ဒါမှမဟုတ် ပုံရိပ်တွေက ဆွဲဆန့်နေသလို ဖြစ်နေတာပါပဲ။ တချို့လူတွေမှာဆိုရင် ညဘက် မီးလုံးတွေကြည့်ရင် အလင်းတွေ ပြန့်ကားနေတာ (glare)၊ မီးရောင်ဘေးမှာ အကွင်းလိုက်ဖြစ်နေတာ (halos) ဒါမှမဟုတ် အရိပ်ထပ်သလိုမျိုး မြင်ရတာတွေ (ghost images) ဖြစ်တတ်ပါတယ်။

LASIK နဲ့ ဆလင်ဒါကို ကုသလို့ရလား?

သေချာပေါက် ကုသလို့ရပါတယ်။ LASIK ကုသမှုမှာ တိကျတဲ့ လေဆာရောင်ခြည်ကိုသုံးပြီး မျက်ကြည်လွှာရဲ့ ဘဲဥပုံသဏ္ဌာန်ကို ပိုပြီးလုံးဝန်းညီညာသွားအောင် ပြန်လည်ညှိပေးလိုက်တာပါ။ ဒီလိုလုပ်လိုက်တဲ့အခါ အလင်းတန်းတွေက မြင်လွှာ (Retina) ပေါ်ကို တည့်တည့်မတ်မတ် ပြန်ကျရောက်သွားပြီး ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကို ပြန်ရရှိစေပါတယ်။

ခေတ်မီ LASIK နည်းပညာတွေက သင့်မျက်မှန်ပါဝါထဲက အနီး/အဝေးမှုန် ပါဝါတွေအပြင် ဆလင်ဒါ ပါဝါကိုပါ တစ်ပြိုင်နက်တည်း တိတိကျကျ ပြုပြင်ပေးနိုင်ပါတယ်

LASIK လုပ်ပြီးရင် ဘာတွေမျှော်လင့်နိုင်မလဲ?

  • လူနာအများစုက နာရီပိုင်းအတွင်းမှာပဲ အမြင်အာရုံ သိသိသာသာ ကြည်လင်လာတာကို သတိထားမိကြပါတယ်။
  • ပထမ ရက်သတ္တပတ်အနည်းငယ်မှာ မျက်လုံးအနည်းငယ်ခြောက်တာ၊ အလင်းစူးတာမျိုး ခဏတာဖြစ်နိုင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သက်သာသွားလေ့ရှိပါတယ်။
  • လူနာအများစုကတော့ နေ့စဉ်ဘဝမှာ၊ အားကစားလုပ်တဲ့အခါ၊ ခရီးသွားတဲ့အခါတွေမှာ မျက်မှန်နဲ့ မျက်ကပ်မှန်မလိုတော့ဘဲ လွတ်လပ်ပေါ့ပါးသွားကြပါတယ်။

👉 ဆိုတော့ကာ . . . ဆလင်ဒါပါဝါရှိနေတာက စိုးရိမ်စရာ မဟုတ်ပါဘူး။ LASIK နဲ့ဆိုရင် ဆလင်ဒါ ကိုသာမက၊ အနီးမှုန် ဒါမှမဟုတ် အဝေးမှုန်တွေကိုပါ တစ်ခါတည်း ပြုပြင်နိုင်တဲ့အတွက် မျက်မှန်နဲ့ မျက်ကပ်မှန်ကို အမြဲတမ်းမှီခိုနေစရာမလိုဘဲ ကြည်လင်တဲ့အမြင်အာရုံကို ရေရှည်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

နေ့ရက်တိုင်းမှာ ပိုပြီး လွတ်လပ်ပေါ့ပါး ကြည်လင်ပြတ်သားစွာ မြင်တွေ့ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် LASER VISION LASIK CENTER, Bangkok Eye Hospital ရဲ့ Refractive Surgery Specialist တွေနဲ့ လာရောက်ဆွေးနွေးတိုင်ပင်လိုက်ပါ။

ပိုကောင်းတဲ့ အမြင်အာရုံအတွက် ပထမဆုံးခြေလှမ်းက ရက်ချိန်းရယူလိုက်ရုံပါပဲ။

calling
Contact Us : +66 84 979 3594